ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာတွင်-
- မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း။
- လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများမှာလည်း လျော့နည်းတိမ်ကောပပျောက်မှုများ ဖြစ်လာနိုင်သဖြင့် အလေးထားထိန်းသိမ်းကြရန် တိုက်တွန်းအပ်ပါသည်။
- မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မိမိတို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်မည်ဆိုပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်း။
- ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း။
- ကရင်တိုင်းရင်းသားများအနေဖြင့်လည်း ပညာနှင့်ယှဉ်သောသတ္တိ၊ မေတ္တာနှင့်ယှဉ်သောရဲရင့်ခြင်း၊ မွန်မြတ်သည့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်အတွက် ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်းဖော်ဆောင်ကြရန် နှစ်သစ်ကူး အခါသမယတွင် အလေးအနက် ဖိတ်ခေါ်လိုကြောင်း။
- ကရင်ပြည်နယ်အတွင်း ရှိနှင့်ပြီးဖြစ်သည့် သယံဇာတအရင်းအမြစ်များနှင့် အခြေခံကောင်းများကို အသုံးချ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်လာပြီး ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝသည်လည်း ပြောင်းလဲလာမည်ဖြစ်ကာ ကရင်ပြည်နယ် သည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံတော်အနေဖြင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများကို တရားဥပဒေနှင့်အညီ သိမ်မွေ့ညင်သာစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိရာ တိုးတက်မှုများရှိနေကြောင်း။
- နိုင်ငံရေး၊ တိုင်းရင်းသားရေးများကြောင့် ကရင်ပြည်နယ်အတွင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများကို ကျော်လွှားနိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း။
- တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိကလိုအပ်ချက် ဖြစ်ကြောင်း။
- နိုင်ငံနှင့် ပြည်သူအားလုံးတို့ အကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာ၍ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလမ်းကြောင်းအမှန်ပေါ်မှ ငြိမ်းချမ်းစွာလျှောက်လှမ်းကြရန် လွန်စွာအရေးကြီး ကြောင်း။
ထိုကဲ့သို့ ထာဝရငြိမ်းချမ်းရေးနှင့် နိုင်ငံတော်အေးချမ်းသာယာရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင်မှသာ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးခရီးစဉ်မှာ အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်းဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၂-၂၀၂၂)
- မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မိမိတို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်မည်ဆိုပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိ။
- နိုင်ငံတော်အနေဖြင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများကို တရားဥပဒေနှင့်အညီ သိမ်မွေ့ညင်သာစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအဖွဲ့ အစည်းများနှင့်လည်း NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိရာ တိုးတက်မှုများရှိနေ။
- နိုင်ငံနှင့် ပြည်သူအားလုံးတို့ အကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာ၍ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလမ်းကြောင်းအမှန်ပေါ်မှ ငြိမ်းချမ်းစွာလျှောက်လှမ်းကြရန် လွန်စွာအရေးကြီး။
Add new comment