နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၀ ရက်တွင် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များအား မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့သင်္ဘောကျင်းလုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ရှင်းလင်းတင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ယခုသင်္ဘောကျင်းသည် နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိ အစဉ်အလာ ကြီးမားသည့် သင်္ဘောကျင်းတစ်ခုဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေး၏ သမိုင်းသစ်ကို အစပျိုးခဲ့ခြင်းပင်ဖြစ်ကြောင်း။
- နိုင်ငံ၏ရှည်လျားသည့် ကမ်းရိုးတန်းနယ်နိမိတ်နှင့် ရေပိုင်နက်နယ်နိမိတ်အတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးတို့အတွက် လိုအပ်သည့် ရေယာဉ်များကို တည်ဆောက်ပေးနိုင်ရမည်ဖြစ်ကြောင်း။
- နိုင်ငံတကာအဆင့်မီသင်္ဘောကြီးများကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၌ပင် တည်ဆောက်နိုင်ရမည်ဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေး ပြန်လည်ဖွံ့ဖြိုးလာရေးအတွက် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ကမ်းရိုးတန်းသွားသင်္ဘောများ၊ ငါးဖမ်းသင်္ဘောများနှင့် အမြန်ရေယာဉ်များကို တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း။
- အိမ်နီးချင်းဒေသတွင်းနိုင်ငံများသို့ သွားလာကူးသန်းပြီး ကုန်စည်များပို့ဆောင်နိုင်သည့် သင်္ဘောများတည်ဆောက်ပြီး ရေကြောင်းပို့ဆောင်ရေးကို အဆင့်မြှင့်တင်နိုင်ရမည်ဖြစ်ကြောင်း။
- ကမ်းရိုးတန်းသွား Cruise Liner သင်္ဘောများကို တည်ဆောက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊
- ရေယာဉ်တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ နှစ်ပေါင်း ၅၀ ကျော်ကြာ အတွေ့အကြုံရှိပြီးဖြစ်သဖြင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း အခန်းကဏ္ဍသစ်ကို ပြန်လည်စတင်ရမည်ဖြစ်ပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအတွင်းလှည့်လည်ကြည့်ရှု၍ တန်ချိန် ၁၂,၀၀၀ ရေလုံသင်္ဘောကျင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို တာဝန်ရှိသူတစ်ဦးထံ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၂-၂၀၂၂)
- ကမ်းရိုးတန်းသွားသင်္ဘောများ၊ ငါးဖမ်းသင်္ဘောများနှင့် အမြန်ရေယာဉ်များကို တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရမည်ဖြစ်။
- နိုင်ငံတကာအဆင့်မီသင်္ဘောကြီးများကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၌ပင် တည်ဆောက်နိုင်ရမည်ဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေး ပြန်လည်ဖွံ့ဖြိုးလာရေးအတွက် အားပေးဆောင်ရွက်ရမည်ဖြစ်။
- ရေယာဉ်တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ နှစ်ပေါင်း ၅၀ ကျော်ကြာ အတွေ့အကြုံရှိပြီးဖြစ်သဖြင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအခန်းကဏ္ဍသစ်ကို ပြန်လည်စတင်ရမည်ဖြစ်ပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်။
Add new comment