နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင်-

  • ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် တိုင်းရင်းသားများအားလုံးကို တူညီသည့် အခွင့်အရေးများပေးထားပြီးဖြစ်ကာ ဖက်ဒရယ်အခွင့်အရေးများကို ပေးထားခြင်းပင် ဖြစ်ကြောင်း။
  • တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံချိန်များတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသည့်ကိစ္စရပ်များအနက် ဖြစ်နိုင်သည့်ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေး တပ်မတော်မှ သဘောတူညီသည်ကို ဆွေးနွေးပြောကြားပြီးဖြစ်ကြောင်း။
  • နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလိုအပ်ချက်သည် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်ကြောင်း။
  • ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် နိုင်ငံအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ်ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ရပ်နေ၍မရဘဲ ကြိုးစားအားထုတ်နေမှသာလျှင် ဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားရေးကောင်းမွန်မှသာလျှင် တိုင်းသူပြည်သားများ ဝင်ငွေကောင်းမွန်မည်ဖြစ်ပြီး နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ် ရေးမောင်းနှင်အားတို့သည်လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။
  • သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းပို့ဆောင်ရေးတို့ရှိပြီး ရထားဖြင့်ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်သဖြင့် အကျိုးအရှိဆုံး ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း။
  • ရထားပို့ဆောင်ရေးစနစ်ကို ယခုထက် ပိုမိုလျင်မြန်စွာ သွားလာနိုင်သည့်အဆင့်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ ရှိရင်းစွဲသယံဇာတအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်သဖြင့် နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံအတွက်အကျိုးရှိမည့် စီမံကိန်းများဆောင်ရွက် နေမှုကို ကန့်ကွက်နေမှုများအား စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း။
  • လက်ရှိအချိန်၌ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားသုံး ရထားစက်ခေါင်းတွဲများ အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရန်လိုကြောင်း ပြော ကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီးနောက် မီးရထားစက်ခေါင်းစက်ရုံအတွင်း မီးရထားစက်ခေါင်းများထုတ်လုပ်တပ်ဆင်နေမှု၊ ပြုပြင်ထိန်းသိမ်းနေမှု၊ မီးရထားစက်ခေါင်းအရံပစ္စည်းများ ထုတ်လုပ်ထားရှိမှုအခြေအနေများနှင့် ရေနွေးငွေ့ စက်ခေါင်းအား ကျောက်မီးသွေးသုံးစက်ခေါင်းအဖြစ် ပြုပြင်ထားရှိသည့် မီးရထားစက်ခေါင်း စမ်းသပ်မောင်းနှင်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန် ရှိသူများ၊ မြန်မာ့မီးရထားမှ အရာရှိကြီးများနှင့် စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁၂-၂၀၂၂)

 

  • တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံချိန်များတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသည့်ကိစ္စရပ်များအနက် ဖြစ်နိုင်သည့်ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေး တပ်မတော်မှ သဘောတူညီသည် ကို ဆွေးနွေးပြောကြားပြီးဖြစ်။
  • ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် နိုင်ငံအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေ၊ မြန်မာနိုင်ငံအနေဖြင့်လည်း ရပ်နေ၍မရဘဲ ကြိုးစားအားထုတ်နေမှသာလျှင် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်။
  • သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းပို့ဆောင်ရေးတို့ ရှိပြီး ရထားဖြင့်ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်သဖြင့် အကျိုးအရှိဆုံး ပို့ဆောင်ရေးစနစ်ဖြစ်။
  • ရထားပို့ဆောင်ရေးစနစ်ကို ယခုထက် ပိုမိုလျင်မြန်စွာ သွားလာနိုင်သည့်အဆင့်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။

Add new comment