ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးပစ္စည်းများအား ပေးအပ်လှူဒါန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက် အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့သည် အလုပ်သဘောခရီးစဉ်အဖြစ် ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ရောက်ရှိရာ မြန်မာနိုင်ငံမှ   နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်။

၎င်းနောက်  ကမ္ဘောဒီးယားဝန်ကြီးချုပ်မှ မြန်မာနိုင်ငံအတွက် ပေးအပ်လှူ ဒါန်းသည့် Face Mask ၃ သန်း၊ N- 95 Mask ၂ သိန်း၊ Goggle တစ်သိန်း၊ PPE ဝတ်စုံ ၃ သောင်း၊ Face Shield ၃ သောင်း၊ Safety Plastic Boots PR ၃ ထောင်၊ Ventilator Machine Unit ၅၀၊ Patient Monitor + access-ories Unit ၅၀၊ Oxygen Concentrator Unit ၅၀ တို့ကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လက်ခံရယူခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

  • ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံအတွက် Face Mask ၃ သန်း၊ N- 95 Mask ၂ သိန်း၊ Goggle တစ်သိန်း၊ PPE ဝတ်စုံ ၃ သောင်း၊ Face Shield ၃ သောင်း၊ Safety Plastic Boots PR ၃ ထောင်၊ Ventilator Machine Unit ၅၀၊ Patient Monitor + accessories Unit ၅၀၊ Oxygen Concentrator Unit ၅၀ တို့ကို ပေးအပ်လှူဒါန်းခဲ့။

 

Add new comment