IOM ၏ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေး

     အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဒီဇင်ဘာလ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအကြီး အကဲ  Mr. Dragan Aleksoski အား အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration- IOM)အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် စနစ်တကျ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ အကူအညီများ ပေးအပ်လျက်ရှိသည့် အခြေအနေနှင့်  IOM ၏ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၂)

 

  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski အား လက်ခံတွေ့ဆုံခဲ့ပြီး IOM အနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် စနစ်တကျ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ အကူအညီများ ပေးအပ်လျက်ရှိသည့်အခြေအနေနှင့်  IOM ၏ မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment