အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများဆိုင်ရာ တတိယအကြိမ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

      အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများဆိုင်ရာ တတိယအကြိမ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၀ ရက်တွင် မြန်မာနိုင်ငံက ဦးဆောင်ပြီး အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ၍ Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က-

  • အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ်ကို ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များအတွက် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရာတွင် လွယ်ကူ ချောမွေ့မှုရှိစေရေး၊ အပြန်အလှန် အသိအမှတ်ပြုရေးနှင့် စီမံခန့်ခွဲနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံက အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များကြီးကြပ်မှုကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိ အမှတ်ပြုရေးဆိုင်ရာလုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃)ကို ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ ယင်းစီမံချက်ပါလုပ်ငန်းအစီအစဉ်(၁)ကို ဦးဆောင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ ကြောင်း။
  • ယခုအခါတွင် နောက်ဆက်တွဲလုပ်ငန်းစဉ်များအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းများအား ကျွမ်းကျင်မှုအဆင့်အလိုက် သတ်မှတ်စည်းမျဉ်းများ(Packaging Rules)နှင့် အလုပ် အကိုင်တစ်ခုချင်းစီအတွက် အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာလမ်းညွှန်ချက်များကို မွမ်းမံပြင်ဆင်ရန် လိုအပ်သောကြောင့် ပဏာမတွေ့ရှိချက်များအပေါ် ဆွေးနွေးနိုင်ရန် တတိယအကြိမ် အဖြစ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့။
  • ဟိုတယ်ဝန်ဆောင်မှုကဏ္ဍအတွက် အလုပ်အကိုင်အမျိုးအစားများ၊ ဧည့်ကြိုဝန်ဆောင်မှုလုပ်ငန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးလုပ်ငန်း၊ အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုလုပ်ငန်းများအတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းများအား ကျွမ်းကျင်မှုအဆင့်အလိုက် သတ်မှတ်စည်းမျဉ်းများ(Packaging Rules)ကို အပြီးသတ် ပြင် ဆင်မွမ်းမံမှုများအား အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ ပါဝင်တက်ရောက်သူများက အပြန်အလှန်ဆွေးနွေးခဲ့။

အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအဆင့်နှင့် နိုင်ငံအဆင့် သင်ကြားရေး၊ စစ်ဆေးအကဲဖြတ်ရေးဆရာများ၊ သင်ကြားရေးဆရာများ၊ ဟိုတယ်များမှ ကိုယ်စားလှယ်များ၊ အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အာဆီယံ(၁၀)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဒီဇင်ဘာလ ၂၁ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၂)

 

  • တတိယအကြိမ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်ဝန်ဆောင်မှုကဏ္ဍအတွက် အလုပ်အကိုင်အမျိုးအစားများ၊ ဧည့်ကြိုဝန်ဆောင်မှုလုပ်ငန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးလုပ်ငန်း၊ အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုလုပ်ငန်းများအတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာစံနှုန်းများအား ကျွမ်းကျင်မှုအဆင့်အလိုက် သတ် မှတ်စည်းမျဉ်းများကို အပြီးသတ်ပြင်ဆင်မွမ်းမံမှုများအား အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ ပါဝင်တက်ရောက်သူများက အပြန်အလှန်ဆွေးနွေးခဲ့။

Add new comment