နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

     မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို ဒီဇင်ဘာလ ၂၀ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်း ပြီးဖြစ်ကြောင်း။
  • နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့တွင် မူပိုင်ခွင့်ကဏ္ဍအနေဖြင့် ပိုမိုအရေးပါလာသည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်က အတည်ပြုပြဋ္ဌာန်းထားသည့် မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံးအာဏာသက်ဝင်ပြီးနောက် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင် ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
  • တီထွင်ဆန်းသစ်နိုင်မှုနှင့် ဖန်တီးနိုင်မှုစွမ်းအားများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျနေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို မြင့်တက်စေနိုင်ရန် တီထွင်သူ၊ ဖန်တီးသူတို့၏ လက်ရာများကို ထိထိရောက်ရောက် အကာအကွယ်ပေးမည့် မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။
  • မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်တစ်ရပ်ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ အဆင့်မြင့်နည်း ပညာများ လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရေးတို့တွင် အထောက်အကူဖြစ်စေနိုင်မည့်အပြင် စွန့်ဦးတီထွင်သူများ၊ ဖန်တီးသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များစသည့် မူပိုင်ခွင့်ပိုင်ရှင်များ၏ မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁၂-၂၀၂၂)

 

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်က အတည်ပြုပြဋ္ဌာန်းထားသည့် မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံးအာဏာသက်ဝင်ပြီးနောက် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင် ရွက်ကြရန် လိုအပ်မည်ဖြစ်။
  • တီထွင်ဆန်းသစ်နိုင်မှုနှင့် ဖန်တီးနိုင်မှုစွမ်းအားများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျနေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို မြင့်တက်စေနိုင်ရန် တီထွင်သူ၊ ဖန်တီးသူတို့၏ လက်ရာများကို ထိထိရောက်ရောက် အကာအကွယ်ပေးမည့် မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ရန်လိုအပ်။

Add new comment