နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း-
- ရေထွက်ကုန်တန်ချိန်စုစုပေါင်း ၃၀၉,၂၉၄.၃၀၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၉၁.၁၂၁ သန်းရရှိခဲ့။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၉ ရက်အထိ ရှစ်လကျော်ကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၂,၇၄၂.၃၆၄ သန်းရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၅,၁၅၁.၉၀၅ သန်းရရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၇,၈၉၄.၂၆၉ သန်းရရှိခဲ့။
- ယခင်နှစ်ကာလတူက ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅,၈၃၈.၂၁၇ သန်းရရှိခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂,၀၅၆.၀၅၂ သန်းပိုမိုရရှိခဲ့။
ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များ တင်ပို့လျက်ရှိရာ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၁,၅၃၅.၀၉၆ သန်းရရှိခဲ့ပြီး ယင်းပို့ကုန်များထဲတွင် စက်မှုကုန်ချောတင်ပို့မှုမှ အများဆုံးရရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၂-၂၀၂၂)
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း ရေထွက်ကုန်တန်ချိန်စုစုပေါင်း ၃၀၉,၂၉၄.၃၀၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၉၁.၁၂၁ သန်းရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ၉ ရက်အထိ ရှစ်လကျော်ကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၇,၈၉၄.၂၆၉ သန်းရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂,၀၅၆.၀၅၂ သန်းပိုမိုရရှိခဲ့။
Add new comment