PDF အကြမ်းဖက်သမားများက ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ကူးတို့သင်္ဘောအား မိုင်းထောင်ဖောက်ခွဲ

       ဒီဇင်ဘာလ ၁၈ ရက်တွင် PDF အကြမ်းဖက်သမားများက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ခရီးသည်များ တင်ဆောင်မောင်းနှင်လာသည့် ပြည်တွင်းရေကြောင်းအပိုင် ချယ်ရီ(၂)ကူးတို့သင်္ဘော အား ဒေသန္တရလက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ရေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အပြစ်မဲ့ခရီးသွားပြည်သူ ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများသည် ၎င်းတို့အား မထောက်ခံသည့် ရဟန်းသံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော လမ်း၊ တံတားများ၊ ခရီးသွားမော်တော်ယာဉ်/ရေယာဉ်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်နေသောကြောင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့အား စက်ဆုပ်ရွံရှာ မုန်းတီးလျက်ရှိ ပါသည်။

ထိုသို့ဖောက်ခွဲဖျက်ဆီးခဲ့သော PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၂-၂၀၂၂)

 

  • ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ကူးတို့သင်္ဘောအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၁၇ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ။

Add new comment