NUG၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက ဒီဇင်ဘာလ ၁၈ ရက်တွင် ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ကူးတို့သင်္ဘောအား ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့လူမဆန်စွာ မိုင်း ထောင်ဖောက်ခွဲခဲ့ရာ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါအသင်းအဖွဲ့များက လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။
- ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)က အပြစ်မဲ့ခရီးသွားပြည်သူများအား ဤသို့ပစ်မှတ်ထား လူမဆန်စွာတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သတင်း ထုတ်ပြန်ခဲ့။
- မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အထက်ပါအကြမ်းဖက်လုပ်ရပ်သည် စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်းနေကြရသည့် အပြစ်မဲ့ပြည်သူများကို ဦးတည်ချက်ထားကာ ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားသဖြင့် လုံးဝ(လုံးဝ)လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်ခဲ့။
- မြန်မာနိုင်ငံစာရေးဆရာအသင်းက အပြစ်မဲ့ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိအောင် မိုင်းထောင်ဖောက်ခွဲခဲ့သည့် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ခဲ့။
- မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးက ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် ကူးတို့သင်္ဘောအား လူမဆန်စွာတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။
ချယ်ရီ(၂)ကူးတို့သင်္ဘော မိုင်းထောင်ဖောက်ခွဲခံခဲ့ရသည့်ဖြစ်စဉ်တွင် အပြစ်မဲ့ခရီးသွားပြည်သူ (၁၇) ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁၂-၂၀၂၂)
|
Add new comment