အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်လာသည့် PDF အကြမ်းဖက်အဖွဲ့များအား တပ်မတော်စစ်ကြောင်းများက အချိန်မီတိုက်ခိုက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် မင်းကင်းမြို့ နယ်အကြား တောတွင်းပုန်းအောင်း၍ အကြမ်းဖက်လုပ်ရပ်များပြုလုပ်ကာ အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများအား ပြန်ပေးဆွဲ၊ ဖမ်းဆီးသတ်ဖြတ်လျက်ရှိသော PDF အကြမ်းဖက်အဖွဲ့များသည် NUG၊ CRPH တို့နှင့်ဆက်သွယ်၍ ပလောင်ဒေသမှတစ်ဆင့် အကြမ်းဖက်လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ သယ်ဆောင်လာကြောင်းနှင့် ၎င်းအဖွဲ့များသည် နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတစ်ဝိုက် ရောက်ရှိခိုအောင်းနေကြောင်း အကြမ်းဖက်မှုကို မလိုလား သည့် ဒေသခံတောင်ပေါ်ကျေးရွာမှ တိုင်းရင်းသားအချို့၏ သတင်းပေးပို့ချက်အရ  ဒီဇင်ဘာလ ၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက လေကြောင်းချီစစ်ဆင်လျက် ဝိုင်းပတ်ပိတ်ဆို့၍ အဆိုပါပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁၂ ရက်အထိ ထိတွေ့တိုက်ပွဲ အကြိမ် ကြိမ်ဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သောင်းကျန်းသူတို့ထံမှ အလောင်းများနှင့် လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကာ ပစ္စည်းအချို့အား သိမ်းဆည်းရမိခဲ့သည့်နေရာတွင် ဖောက်ခွဲဖျက်ဆီးခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်အဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ရာတွင် အစောပိုင်း၌ TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ပလောင်ဒေသအတွင်း ဖြစ်ပွားမှုအပေါ် နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သော်လည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ပြည်သူအပေါ်အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် NUG၊ CRPH၊ PDF တို့နှင့်သာ သက်ဆိုင်ကြောင်း ရှင်းလင်းအသိပေးခဲ့သဖြင့် နောက်ပိုင်းတွင် TNLA အနေဖြင့် အသိပေးရှင်းလင်းမှုအပေါ်  သဘောပေါက်နားလည် လက်ခံခဲ့ပါသည်။

အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား အချိန်မီပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်မည့် လက်နက်၊ ခဲယမ်းများကို ယခုကဲ့သို့အချိန်မီဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်ထားရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁၂-၂၀၂၂)

 

  • နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်လုပ်ဆောင်မှုကို ဆန့်ကျင်လိုကြသည့် ဒေသခံတောင်ပေါ် တိုင်းရင်းသားအချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUGCRPH တို့၏ စေခိုင်းမှုဖြင့် လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သယ်ဆောင်လာသည့် PDF အကြမ်းဖက်အဖွဲ့များ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးသို့ ရောက်ရှိနေကြောင်း တပ်မတော်မှသိရှိရ၍ တပ်မတော်စစ်ကြောင်းများက လေကြောင်းချီစစ်ဆင်ကာ အချိန်မီတိုက်ခိုက်၍ လက်နက်၊ ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့။
  • အကြမ်းဖက်အဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ရာတွင် အစောပိုင်း၌ TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ပလောင်ဒေသအတွင်း ဖြစ်ပွားမှုအပေါ် နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သော်လည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ပြည်သူ အပေါ်အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် NUGCRPHPDF တို့နှင့်သာ သက်ဆိုင်ကြောင်း ရှင်းလင်းအသိပေးခဲ့သဖြင့် နောက်ပိုင်းတွင် TNLA အနေဖြင့် အသိပေးရှင်းလင်းမှုအပေါ်  သဘောပေါက် နားလည်လက်ခံခဲ့။

Add new comment