PDF အကြမ်းဖက်သမားများက မြဝတီပင်မဓာတ်အားခွဲရုံအား ပစ်ခတ်တိုက်ခိုက်

       ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် PDF အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အများပြည်သူသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၅၀ အမ်ဗွီအေ ထရန်စဖော်မာ (၂) လုံး၊ (၂၀) အမ်ဗွီအေ Shut Reactor (၁) လုံး၊ Gas Circuit Breaker (၂) လုံး၊ Lightning Arrester (၂) လုံး၊ Potential Transformer (၂) လုံး၊ ဓာတ်အားကြိုးများ၊ ဓာတ်အား ထိန်းချုပ်အဆောက်အအုံနှင့် မီးစက်အဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါသည်။

ထိုသို့ဓာတ်အားပြတ်တောက်မှုကြောင့် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင်ဒေသများရှိ မီးသုံးစွဲသူ (၅၆,၃၆၃) ဦးတို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပြီး မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ကုန်သွယ်ရေးဇုန်တို့တွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ရသည်။ သို့ဖြစ်ပါ၍ အဆိုပါပျက်စီးခဲ့သော ဓာတ်အားခွဲရုံကို အမြန်ဆုံးပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

NUG လက်ဝေခံ PDF အကြမ်းဖက်သမားများသည် အများပြည်သူသို့ ဖြည့်ဆည်းပေးလျက်ရှိသည့် နိုင်ငံတော်၏အခြေခံအဆောက်အအုံများအပေါ် ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဓာတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများသို့ ဝင်ရောက် ဖောက်ခွဲပစ်ခတ်ဖျက်ဆီးမှု အကြိမ်ပေါင်း (၂၁၀) ကြိမ် ပစ်ခတ်ဖျက်ဆီးဖောက်ခွဲခဲ့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူများလိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးပြန်လည်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေများရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ပြုပြင် ဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁၂-၂၀၂၂)

 

  • PDF အကြမ်းဖက်သမားများက ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မဓာတ်အားခွဲရုံအား ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့နှင့် အနီးဝန်းကျင်ဒေသများရှိ မီးသုံးစွဲသူ (၅၆,၃၆၃) ဦးတို့မှာ လျှပ်စစ်ဓာတ်အား ပြတ် တောက်ခဲ့ရပြီး မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ကုန်သွယ်ရေးဇုန်တို့တွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့။

Add new comment