(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပပြုလုပ်

       (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ဖတ်ကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်စီမံထူးချွန်ဆုရရှိသူများ၊ ပြည်နယ်လယ်ယာစီးပွားထူးချွန်ဆုနှင့် ပြည်နယ်လူမှုထူးချွန်ဆုရရှိသူများ၊ ဂုဏ်ပြုမှတ်တမ်း လွှာဆုရရှိသူများ၊ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများကို ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်နှင့် အဖွဲ့ဝင်များသည် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲသို့ သွားရောက်၍ ဆန် ထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်၊ စားကုန်၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများနှင့် ငါးလုပ်ငန်းထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၆-၁၂-၂၀၂၂)

 

  • (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့။
  • တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲသို့ သွားရောက်၍ ဆန်ထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်၊ စားကုန်၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများနှင့် ငါးလုပ်ငန်း ထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့။

Add new comment