မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့သည် ပဏာမနှုတ်ခွန်းဆက်စကားများပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြန်အလှန်မိတ်ဆက်ပေးခဲ့ကြပါသည်။
အခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Sam- dech Akka Moha Sena Padei Techo HUN SEN က-
· ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံ အပြန်အလှန် ကူညီဆောင်ရွက်မှုများရှိပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လှူဒါန်းပေးခဲ့မှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း။
· နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်နိုင်ရေးအတွက် အခွန်ကောက်ခံမှုများလျှော့ ချနိုင်ရေး အမြန်ဆုံးသဘောတူညီမှု ရရှိလိုပါကြောင်း၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍လည်း စီမံချက်အသစ် ပြန်လည်ရေးဆွဲနိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း။
· ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ပုဂံဒေသနှင့် ဆီယံရိဒေသအကြား ခရီးသွားမိတ်ဖက်မြို့အဖြစ် သတ်မှတ်ဆောင်ရွက်မှုအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်မှုများ ဆောင်ရွက်နိုင်သည့်အချိန်တွင် လေကြောင်းလိုင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
· ၂၀၂၂ ခုနှစ် နှစ်ဦးကာလတွင် အဆွေတော်၏ချစ်ကြည်ရေးခရီးလာရောက်မှုမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ခိုင်မာစေကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာပူးပေါင်းဆောင်ရွက်မှုများအတွက် နားလည်မှုသဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် အခွင့်အခါသင့်ပါက နှစ်နိုင်ငံဝန်ကြီး ဌာနများအကြား ဆွေးနွေးမှုများ ပြုလုပ်စေလိုကြောင်း။
· နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများတွင် အခွန်နှစ်ထပ်ကောက်ခံမှုလျှော့ချနိုင်ရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံခရီးသွားကဏ္ဍတိုးမြှင့်ရေးအတွက်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်မှုကို အထိုက်အလျောက်ထိန်းချုပ်နိုင်သည့် အချိန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံနှင့် လေကြောင်းသွားလာမှုအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်ရွယ်ထားပြီးဖြစ်ကြောင်း။
· သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင် ကမ္ဘောဒီးယားဘုန်းတော်ကြီးနှင့် သီလရှင် ၂၄၉ ပါးကို ၁၉၉၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံရှိ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပညာသင်ကြားခွင့်ပေးအပ်နိုင်ခဲ့သည့်အတွက် မိမိအနေဖြင့် ကျေနပ်ဝမ်းမြောက်မိပါကြောင်း။
· ၂၀၁၇-၂၀၂၁ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွက် သဘောတူလက်မှတ်ရေးထိုးထားမှုကို သက်တမ်း တိုးမြှင့်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင် ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
· မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအနေဖြင့် စည်းလုံးမှုရှိရန်လိုကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာမျက် နှာစာနှင့် အာဆီယံမျက်နှာစာတို့တွင် မြန်မာနိုင်ငံဘက်မှ အပြုသဘောဆောင် ရပ်တည်ထောက်ခံပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ မိမိအနေဖြင့် ဒေသအတွင်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
· မိမိတာဝန်ယူချိန်ကာလအတွင်း အကျဉ်းသား ၄၈,၀၀၀ ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီးဖြစ်ပြီး သင့်လျော်သည့်အချိန်တွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားကြောင်း၊ အဆွေတော်၏ အထူးကိုယ်စားလှယ်မှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မည့်အပေါ် မိမိ အနေဖြင့် ကြိုဆိုကြောင်း၊ ယနေ့ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် နှစ်နိုင်ငံနှင့် ဒေသတွင်းကိစ္စရပ်များ ပူးပေါင်းဆောင် ရွက်ရေးအတွက် ဆွေးနွေးနိုင်ခဲ့မှုအပေါ် ကျေနပ်မိပါကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ၊ ဝါရင့်ဝန်ကြီး၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးများ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယားနိုင်ငံ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
- အခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအပြန်အလှန်ကူညီဆောင်ရွက်မှုများရှိပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံအတွက် ကိုဗစ် -၁၉ ကာကွယ်ဆေး လှူဒါန်းပေးခဲ့မှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း။
- ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ပုဂံဒေသနှင့် ဆီယံရိဒေသအကြား ခရီးသွားမိတ်ဖက်မြို့အဖြစ် သတ်မှတ်ဆောင်ရွက် မှုအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်မှုများ ဆောင်ရွက် နိုင်သည့်အချိန်တွင် လေကြောင်းလိုင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လိုကြောင်း ဆွေးနွေး ပြောကြားခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှစ်နိုင်ငံခရီးသွားကဏ္ဍတိုးမြှင့်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် လေကြောင်းသွားလာမှုအား အမြန်ဆုံးဖွင့်လှစ် နိုင်ရေး ရည်ရွယ်ထားပြီးဖြစ်ကြောင်း။
- ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာနှင့် အာဆီယံမျက်နှာစာတို့တွင် မြန်မာနိုင်ငံဘက်မှ အပြု သဘောဆောင်ရပ်တည်ထောက်ခံပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း။
- မိမိတာဝန်ယူချိန်ကာလအတွင်း အကျဉ်းသား ၄၈,၀၀၀ ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ဖြစ်ပြီး သင့်လျော်သည့်အချိန်တွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
Add new comment