နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာဆန်ဂျေးမာသာကို ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၌ အသီးသီး လက်ခံ တွေ့ဆုံခဲ့ပါသည်။
- နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရ နှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးတို့အကြား လက်ရှိနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးနှင့် မြန်မာနိုင်ငံအကြား လက်ရှိဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS အဖွဲ့တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီး ဌာန၏ မူဝါဒ၊ ရည်မှန်းချက်များ၊ နည်းဗျူဟာများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှု၊ UNOPS အဖွဲ့မှ စီမံခန့်ခွဲနေသည့် Global Fund နှင့် Access to Health Fund ရန်ပုံငွေများအသုံးပြု၍ ခုခံကျ၊ ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၂-၂၀၂၂)
- ပြည်ထောင်စုဝန်ကြီးများ ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးတို့အကြား လက်ရှိနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
Add new comment