ဒီဇင်ဘာလ ၁၃ ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့မှ အိမ်ဆောက်ပစ္စည်းများ တင်ဆောင်လာသည့် သထုံ-ပဲခူး-မြို့ဟောင်းခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၂၇၂) အစုန်ကုန်ရထားတွဲဆိုင်းသည် သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းအကြား မီးရထားလမ်း၌ KNLA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက အဝေးထိန်းခလုတ်ဖြင့် ရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့မှုကြောင့် ကုန်ရထားတွဲ(၁၀)တွဲ လမ်းချော်တိမ်းမှောက်ခဲ့ပါသည်။ အဆိုပါဖောက်ခွဲမှုကြောင့် ၎င်းတွဲဆိုင်းများပေါ်တွင်တင်ဆောင်ထားသည့် အိမ်ဆောက်ပစ္စည်းများအပြင် ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ်ဇလီဖားတုံး ၁၈၀ တုံး၊ သစ်သားဇလီဖားတုံး ၃၀ တုံး၊ တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရန်ကုန်နှင့် မော်လမြိုင်တို့မှထွက်ခွာမည့် အမြန်ရထားခရီးစဉ် (၆) ခုတို့အား ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသွားပြည်သူ ၄,၅၀၀ ဦးခန့် အခက်အခဲကြုံတွေ့ခဲ့ရကြောင်း သိရှိရပါသည်။
KNLA နှင့် PDF အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများသည် ယနေ့ထိ မီးရထားလမ်းမိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း (၁၀၂) ကြိမ်၊ မီးရထားလမ်းတံတားမိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း (၃၄) ကြိမ်နှင့် မီးရထားဘူတာ မီးရှို့ဖျက်ဆီးခြင်း စုစုပေါင်း (၉) ကြိမ် ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့အများပြည်သူအသုံးပြုလျက်ရှိသည့် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ရထားခရီးစဉ်များ၊ ရထားလမ်းများ၊ တံတားများ၊ ဘူတာများကို ယုတ်မာရိုင်းစိုင်းစွာဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ကြသည့် KNLAနှင့် PDF အကြမ်းဖက်သမားများအား ပြည်သူတစ်ရပ်လုံးမှ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိပါသည်။
အဆိုပါမီးရထားလမ်းပိုင်းအား အမြန်ဆုံးဖွင့်လှစ်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြန်လည်ပြုပြင်မှုများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ် ရေးလမ်းကြောင်းများကို ဖောက်ခွဲဖျက်ဆီးခဲ့သော KNLAနှင့် PDF အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၂-၂၀၂၂)
- သထုံမြို့မှ ပဲခူး- မြို့ဟောင်းခရီးစဉ်အဖြစ် ထွက်ခွာလာသည့် မီးရထားအား KNLA နှင့် PDF အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ရာ ၎င်းတွဲဆိုင်းများပေါ်တွင်တင်ဆောင်ထားသည့် အိမ်ဆောက်ပစ္စည်းများအပြင် ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ် ဇလီဖားတုံး ၁၈၀ တုံး၊ သစ်သားဇလီဖားတုံး ၃၀ တုံး၊ တွဲနှောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ရန်ကုန်နှင့် မော်လမြိုင်တို့မှထွက်ခွာမည့် အမြန်ရထားခရီးစဉ် (၆) ခုတို့အား ဖျက်သိမ်းခဲ့ရသဖြင့် ခရီးသွား ပြည်သူ ၄,၅၀၀ ဦးခန့် အခက်အခဲကြုံတွေ့ခဲ့။
- KNLA နှင့် PDF အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများသည် ယနေ့ထိမီးရထားလမ်းမိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း (၁၀၂) ကြိမ်၊ မီးရထားလမ်းတံတားမိုင်းခွဲဖျက်ဆီးခြင်း စုစုပေါင်း (၃၄) ကြိမ်နှင့် မီးရထားဘူတာ မီးရှို့ ဖျက်ဆီးခြင်း စုစုပေါင်း (၉) ကြိမ် ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့အများပြည်သူအသုံးပြုလျက်ရှိသည့် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ရထားခရီးစဉ်များ၊ ရထားလမ်းများ၊ တံတားများ၊ ဘူတာများကို ယုတ်မာရိုင်းစိုင်းစွာဖြင့် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ကြသည့် KNLAနှင့် PDF အကြမ်းဖက်သမားများအား ပြည်သူတစ်ရပ်လုံးမှ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိ။
Add new comment