နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။

        နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့ခဲ့သည့် သဝဏ်လွှာကောက်နုတ်ချက်မှာ-

  • ရခိုင်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်အခါသမယဖြစ်သော ရခိုင်ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် တွင် (၄၈) နှစ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။
  • ရခိုင်ပြည်နယ်သည် ရေခံ၊ မြေခံကောင်းမွန်သော သဘာဝပထဝီဝင်အနေအထားကြောင့် ဆန်ရေစပါး၊ သားငါးနှင့် အဖိုးတန်သဘာဝထွက်ကုန်များ ထွက်ရှိသည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း။
  • ဒေသခံတိုင်းရင်းသားတို့၏ ချစ်မြတ်နိုးဖွယ်ရာ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြင့် ပြည့်စုံကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်နှင့်အညီ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းများ၊ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သော အခင်းအကျင်းနှင့်ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်။
  • ရခိုင်ပြည်နယ်ဒေသသည် ဗုဒ္ဓမြတ်စွာသာသနာတော် ထွန်းလင်းတောက်ပရာဒေသဖြစ်ခဲ့ပြီး မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်မြို့တော်အဖြစ် အသိအမှတ်ပြု နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • ရခိုင်ပြည်နယ်သည် ရှေးရခိုင်ဘုရင်များလက်ထက်မှစ၍ ယနေ့အချိန်အထိ ရဟန်းစာဆို၊ လူစာဆိုများသာမက ရခိုင်လူမျိုးပညာရှိများ၊ ပညာရှင်များ များစွာ ပေါ်ပေါက်ခဲ့ကာ ရခိုင်စာပေသည် ဓညဝတီခေတ် အေဒီ (၁)ရာစုခန့်ကပင် စတင်ထွန်းကားလာခဲ့ကြောင်း။
  • ရခိုင်ပြည်နယ်သည် သဘာဝပထဝီဝင်အနေအထားအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နိုင်ငံရေး၊ တိုင်းရင်းသားရေးများအရလည်း ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ သဖြင့် အခြားဒေသများနှင့် နှိုင်းစာလျှင် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့ရကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ” ကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
  • ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေ လိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် နေသည့် အချိန်အခါဖြစ်ကြောင်း။
  • နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင်အားလုံး တန်းတူခံစားနိုင်မည့် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဆွေးနွေးဖက်အဖွဲ့အစည်း များနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ သီးသန့်တွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင်တွေ့ဆုံဆွေးနွေးမှုများဖြင့် မပြတ်ထိတွေ့ဆက်ဆံလျက်ရှိကြောင်း။
  • ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသည်သာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ ပြည်နယ်သူ၊ ပြည်နယ်သားများ၏ အကျိုး၊ ပြည်နယ်၏ အကျိုး၊ ပြည်ထောင်စု၏ အကျိုးတို့ကို ထမ်း ဆောင်နိုင်သူများဖြစ်ကြပါစေကြောင်းနှင့် အစဉ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရှိ ရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၂-၂၀၂၂)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ”ကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေ လိုအပ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည့် အချိန်အခါဖြစ်။
  • နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင်အားလုံး တန်းတူခံစားနိုင်မည့် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန် ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။

Add new comment