မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂)ကို ဒီဇင်ဘာလ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က-
- ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၆,၂၇၆ မှုရှိပြီး ဘိန်း ၁ ဒသမ ၁ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၃၂ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄ ဒသမ ၈၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၁ ဒသမ ၇၅ တန်ကျော်၊ ကက်တမင်း ၂ ဒသမ ၀၄ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများအပါအဝင် ဆက်စပ် ပစ္စည်း စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၁,၀၆၉ ဒသမ ၉၄ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း။
- မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်ရှိ လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့လုံးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များ အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဟန်ချက်ညီညီ အလေးထားပူးပေါင်းဆောင် ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း။
- မူးယစ်ဆေးဝါးများကို ဖမ်းဆီးဆောင်ရွက်မှုများတွင် ပါဝင်သူများအား ရာထူး တိုးမြှင့်ပေးခြင်း၊ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုကြေးငွေချီးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သကဲ့သို့ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မသမာမှုပြုလုပ်ခြင်း များကိုလည်း အရေးယူဆောင်ရွက်ခဲ့ကြောင်း။
- မြန်မာနိုင်ငံတစ်ဝန်းလုံးရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်သည့် မူဝါဒသစ်နှင့်အညီ လုပ်ငန်းများအကောင်အထည် ဖော်ရာတွင် တက်ကြွစွာပါဝင်ပေးကြရန်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်း ဒေသကြီးနှင့်ပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် စီမံချက်ပါလုပ်ငန်းများထက် ၂၀၂၃ ခုနှစ်တွင် ပိုမို တိုးမြှင့်ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများ၊ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၂-၂၀၂၂)
- ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၆,၂၇၆ မှုရှိပြီး ဘိန်း ၁ ဒသမ ၁ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၃၂ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄ ဒသမ ၈၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၁ ဒသမ ၇၅ တန်ကျော်၊ ကက် တမင်း ၂ ဒသမ ၀၄ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများအပါအဝင် ဆက်စပ်ပစ္စည်း စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၁,၀၆၉ ဒသမ ၉၄ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့။
- မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်သည့် မူဝါဒ သစ်နှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် တက်ကြွစွာပါဝင်ပေးကြ ရန်နှင့် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင် ရွက်ခဲ့သည့် စီမံချက်ပါလုပ်ငန်းများထက် ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးမြှင့်ဆောင်ရွက် ပေးကြရန် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က တိုက်တွန်းခဲ့။
Add new comment