နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN အား ဇန်နဝါရီလ ၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်ပြီး အတူတကွမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့သည် သံတမန်ဆောင်ဧည့်ခန်းမ၌တွေ့ဆုံ ၍-
· နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများဆောင် ရွက်နေမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်နိုင်မည့် အခြေ အနေများ။
· အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့်အညီ မြန်မာနိုင်ငံ မှ ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီပေးရေးကိစ္စရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားဝန်ကြီး ချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H. E. Mr. PRAK Sokhonn၊ ဝါရင့်ဝန်ကြီး၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး H.E. Mr. CHAM Prasidh၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး H.E. Mr. SOK Chenda Sophea ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) Lt. Gen. Hun Maneth တို့ တက်ရောက် ခဲ့ကြပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယား နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်နိုင်မည့်အခြေအနေများ၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့်အညီ မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment