နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၄ ရက်တွင် တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား ပူတာအိုလေဆိပ် ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားရာတွင်-

  • ပူတာအိုဒေသသည် ဝေးလံခေါင်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး သွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။
  • ဒေသ၏ထူးခြားမှုအဖြစ် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်လုံးများကို စီ၍ကာရံထားသည့် ကျောက်စီခြံစည်းရိုးများလည်းရှိကြောင်း၊ အဆိုပါ ကျောက်လုံးစီခြံစည်းရိုးများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ စနစ်တကျလှပသပ်ရပ်စွာဖြင့် ထူးခြားသည့် မြင်ကွင်းတစ်ခုအဖြစ် ဆောင်ရွက်ပြီး ဒေသ၏ Land Mark တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ကြောင်း။
  • ဒေသတွင်းဆန်ဖူလုံမှုရှိရန်လည်း တစ်ဧကချင်းအထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ Eating Quality ကောင်းမွန်သည့် အထွက်တိုးစပါးများကိုလည်း စိုက်ပျိုးရန်လိုကြောင်း။
  • လက်ဖက်နှင့် ကော်ဖီများကိုလည်း စိုက်ပျိုးနိုင်သည့်ဒေသဖြစ်ခြင်းကြောင့် စိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင်ဆောင်ရွက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း။
  • ပူတာအိုဒေသတွင်းရှိ ကျောင်းနေအရွယ်ကလေးငယ်များ ပညာရည်မြင့်မားတိုးတက်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပညာရေးဝန်ထမ်းများမှပေးသည့် ပညာရေးသည် မိမိတို့ကလေးငယ်များ၏ အနာဂတ်ဘဝအထောက်အပံ့ကို များစွာဖြစ်စေနိုင်သောကြောင့် ပညာရေးဝန်ထမ်းများကိုလည်း အားပေးစောင့်ရှာက်ရန်လိုအပ်ကြောင်း။
  • မိမိတို့၏ ကလေးငယ်များ၏ ဘဝတိုးတက်ရေးအတွက် ပညာရေးကို အင်ပြည့်အားပြည့်ဖြင့် အားပေးပြီး လမ်းမှန်ကိုရောက်အောင် အားပေးဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြားသတင်း ၁၄-၁၂-၂၀၂၂)

 

  • ပူတာအိုဒေသသည် ဝေးလံခေါင်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး သွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေး သွားမည်ဖြစ်။
  • ဒေသ၏ထူးခြားမှုအဖြစ် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်လုံးများကို စီ၍ကာရံထားသည့် ကျောက်စီခြံစည်းရိုးများလည်းရှိ၊ အဆိုပါကျောက်လုံးစီခြံစည်းရိုးများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ကာ စနစ်တကျလှပသပ်ရပ်စွာဖြင့် ထူးခြားသည့်မြင်ကွင်းတစ်ခုအဖြစ် ဆောင်ရွက်ပြီး ဒေသ၏ Land Mark တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်။
  • မိမိတို့၏ ကလေးငယ်များ၏ ဘဝတိုးတက်ရေးအတွက် ပညာရေးကို အင်ပြည့်အားပြည့်ဖြင့် အားပေးပြီး လမ်းမှန်ကိုရောက်အောင် အားပေးဆောင်ရွက်ကြစေလို။

Add new comment