လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၃ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov ၊ Russian State Atomic Energy Corporation “ROSATOM” ၏ Deputy Director General Mr. Spasskiy Nikolay နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
မြန်မာ-ရုရှားတို့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများအား စဉ်ဆက် မပြတ်ဆောင်ရွက်ခဲ့ရာ-
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ The State Atomic Energy Corporation Rosatom တို့အကြား Road Map ကို လက်မှတ်ရေးထိုးနိုင်ခဲ့။
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Rusatom Energy Projects, Joint Stock Company တို့သည် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်ရန် NDA ကိုလည်းကောင်း၊ အပူစွမ်းအင်သုံးဓာတ်အားပေး စက်ရုံတည်ဆောက်ရန် ကနဦးနေရာများကို ကြည့်ရှုလေ့လာခဲ့ပြီး လိုအပ်သော Terms of Reference (TOR) ကိုလည်ကောင်း၊ MOU ကိုလည်းကောင်း လက်မှတ် ရေးထိုးနိုင်ခဲ့။
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား “ROSATOM” တို့အကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (IGA) မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့။
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ Rusatom Energy Project, Joint Stock Company တို့ အကြား အသေးစားအပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း အကြိုဖြစ်မြောက် နိုင်စွမ်း လေ့လာမှုလုပ်ငန်းအတွက် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ (Terms of Reference - TOR) ကို လက်မှတ်ရေးထိုးနိုင်ခဲ့။
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် Rosatom International Network တို့အကြား Joint Communication Plan for increasing public acceptance of atomic technologies in Myanmar ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လေအားလျှပ်စစ်ထုတ်လုပ်မှုကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံ၌ အလားအလာကောင်းများရှိသော နေရာခြောက်ခုတွင် စုစုပေါင်း မဂ္ဂါဝပ် ၈၁၀၀ ကျော်ခန့် ထုတ်လုပ်နိုင်ကြောင်း စူးစမ်းလေ့လာထားမှုအရ သိရှိရသဖြင့် ROSATOM အနေဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုတွင် အမြန်ဆုံးပူးပေါင်းဆောင်ရွက် နိုင်ရေး အထူးအလေးထားဆောင်ရွက်စေလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၂-၂၀၂၂)
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၌ ကျင်းပခဲ့။
- တွေ့ဆုံပွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လေအားလျှပ်စစ်ထုတ်လုပ်မှုကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံ၌ အလားအလာကောင်းများရှိသော နေရာခြောက်ခုတွင် စုစုပေါင်းမဂ္ဂါဝပ် ၈၁၀၀ ကျော်ခန့် ထုတ်လုပ်နိုင်ကြောင်း စူးစမ်းလေ့လာထားမှုအရ သိရှိရသဖြင့် ROSATOM အနေဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုတွင် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်နိုင်ရေး အထူးအလေးထားဆောင်ရွက်စေလိုသည်ဟု ပြောကြားခဲ့။
Add new comment