အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါမလုပ်ဆောင်ရန် တားမြစ်ထားသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိရာ-
- ဒီဇင်ဘာလ ၁ ရက်မှ ၁၃ ရက်ထိ နေပြည်တော်ကောင်စီနယ်မြေ၌ ၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၆ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၇ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၃ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၌ ၁ ဦး၊ ကချင်ပြည်နယ်၌ ၂ ဦး၊ ကရင်ပြည်နယ်၌ ၄ ဦး၊ မွန်ပြည် နယ်၌ ၄ ဦး၊ ရှမ်းပြည်နယ်၌ ၁ ဦးနှင့် ချင်းပြည်နယ်၌ ၁ ဦး စုစုပေါင်း ၃၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
- ဇန်နဝါရီလ ၂၇ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်ထိ စုစုပေါင်း ၁,၀၉၁ ဦးအား ဥပဒေ နှင့်အညီ အရေးယူထားပါသည်၊၊
ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၂-၂၀၂၂)
- ဒီဇင်ဘာလ ၁ ရက်မှ ၁၃ ရက်ထိ နေပြည်တော်ကောင်စီနယ်မြေ၌ ၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၆ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၇ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၃ ဦး၊ မကွေးတိုင်းဒေသကြီး၌ ၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၌ ၁ ဦး၊ ကချင်ပြည်နယ်၌ ၂ ဦး၊ ကရင်ပြည်နယ်၌ ၄ ဦး၊ မွန်ပြည် နယ်၌ ၄ ဦး၊ ရှမ်းပြည်နယ်၌ ၁ ဦးနှင့် ချင်းပြည်နယ်၌ ၁ ဦး စုစုပေါင်း ၃၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့၊၊
- ဇန်နဝါရီလ ၂၇ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်ထိ စုစုပေါင်း ၁,၀၉၁ ဦးအား ဥပဒေ နှင့်အညီ အရေးယူထားရှိ။
Add new comment