နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၃ ရက်တွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိနိုင်ငံ့တာဝန်များကို ထမ်းဆောင် နေချိန်တွင် ပြည်ပမှချေးငွေနှင့် အထောက်အပံ့များရရှိမှု မရှိသော်လည်း ပြည်ပချေးငွေများကို ပြန်လည်ပေးဆပ်လျက်ရှိကြောင်း။
- ယခုအခါ နိုင်ငံ၏စီးပွားရေးမှာ အထိုက်အလျောက် ပြန်လည်မြင့်တက်လာပြီး ပြည် တွင်းကုန်ထုတ်လုပ်မှုစီးပွားရေးကို အားပေးဆောင်ရွက်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိခြင်းဖြစ်ကြောင်း။
- ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ဝယ်လိုအားတက်လာမည်ဖြစ်၍ ငွေကြေးလည်ပတ်မှုများကောင်းမွန်လာပြီး ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
- MSME လုပ်ငန်းများကို ပြည်တွင်းစီးပွားရေးအားပေးရန်၊ ပြည်ပသွင်းကုန် အစားထိုး ရန်နှင့် ပြည်ပပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အားပေးဆောင်ရွက်နေခြင်းဖြစ် ကြောင်း။
- ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် အရင်းအမြစ်များစွာရှိပြီး ဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်း လုပ်ငန်း၊ လေအားအသုံးပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင် ရွက်နိုင်ကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အားများကို ချွေတာသုံးစွဲကြရန်လို ကြောင်း။
- ကုန်စည်ပို့ဆောင်ရေးတွင်လည်း စက်သုံးဆီ သုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်သည့်ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းချွေတာသုံးစွဲမည်ဆိုပါက နိုင်ငံခြားငွေကုန်ကျမှုများ လျော့နည်းသွားမည် ဖြစ်ကြောင်း။
- ကချင်ပြည်နယ်အတွင်း တစ်ဦးချင်းအကျိုးစီးပွားထက် အများ၏အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း။
- ကချင်ပြည်နယ်အတွင်း ဝါးနှင့် သစ်များပေါများစွာရှိရာ အဆိုပါ သစ်နှင့် ဝါးများကို အသုံးပြု၍ စက္ကူပျော့ဖတ်များထုတ်လုပ်ပြီး နိုင်ငံ၏ စက္ကူလိုအပ်ချက်ကို ဖြည့်တင်း နိုင်ကြောင်း။
- ဝါးနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်မည်ဆိုပါက နိုင်ငံတော်မှလိုအပ် သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် သစ်သီးများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပ နိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
- လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး အခြေခံပညာများ မြှင့်တင် ရေးအတွက် အစိုးရမှတတ်နိုင်သည့်ဘက်မှ အားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးကို မြှင့်တင်ခြင်းသည် လူတစ်ဦးချင်း၏ အနာဂတ်၊ တိုင်းပြည်၏ အနာဂတ် ကို မြှင့်တင်ခြင်းပင်ဖြစ်သောကြောင့် ပညာရေးမြှင့်တင်မှုများကို မဖြစ်မနေ ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
- ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ဒေသခံလုပ်ငန်းရှင်များမှလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်းဆွေးနွေး ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၂-၂၀၂၂)
- ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ဝယ်လို အားတက်လာမည်ဖြစ်၍ ငွေကြေးလည်ပတ်မှုများကောင်းမွန်လာပြီး ကုန်ထုတ်လုပ် မှုများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်။
- ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် အရင်းအမြစ်များစွာရှိပြီး ဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချစေလို။
- ဝါးနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်မည်ဆိုပါက နိုင်ငံတော်မှ လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် သစ်သီးများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပ နိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်။
- လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး အခြေခံပညာများ မြှင့်တင် ရေးအတွက် အစိုးရမှတတ်နိုင်သည့်ဘက်မှ အားပေးဆောင်ရွက်ပေးလျက်ရှိ။
- ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် ချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်။
Add new comment