ပြည်ထောင်စုဝန်ကြီးများ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

       နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး မစ္စတာချုခ်ဘွန်နာ ကို ဒီဇင်ဘာလ ၁၃ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၌ အသီးသီး လက်ခံတွေ့ဆုံခဲ့ပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံအကျိုးဖြစ် ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများ အထူးသဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ပြည်သူအ ချင်းချင်းထိတွေ့ဆက်ဆံမှု အစရှိသည့်ကိစ္စရပ်များသာမက ဒေသတွင်းနှင့်နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား  အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့်  မိတ်ဖက်ဆက်ဆံရေးအပေါ် သဘောထားနှင့် လာမည့် နှစ်များအတွင်း နှစ်နိုင်ငံအကြားနှင့်  နိုင်ငံတကာမျက်နှာစာတွင် နီးကပ်သည့်ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေးတို့အပေါ် ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြပြီး ကမ္ဘောဒီးယားအစိုးရ၏ မြန်မာနိုင်ငံအပေါ် အပြုသဘော ဆောင်သည့်ကဏ္ဍ မှပါဝင်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁၂-၂၀၂၂)

 

  • ပြည်ထောင်စုဝန်ကြီးများက ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများ အထူးသဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီး သွားကဏ္ဍ၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုအစရှိသည့်ကိစ္စရပ်များသာမက ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွား ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

Add new comment