ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ

       ဒီဇင်ဘာလ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၂၄) ရပ်ကွက်၊ အင်းဝလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဦးဝင်းထက်ဦး (၄၃) နှစ်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းတို့တွင်လည်းကောင်း၊ မခင်တွယ်တာဦး (၂၀) နှစ်တွင် ဝဲ/ ယာခြေထောက်တို့တွင်လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါသည်။

PDF အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ယုတ်ညံ့သောစိတ်ဓာတ်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည့်အပြင် အများပြည်သူပိုင်နေရာများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ၍ နိုင်ငံအတွင်းဆူပူမှုများ လုပ်ဆောင်လျက်ရှိပါသည်။

အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ အဆိုပါဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၁၂-၂၀၂၂)

 

  • ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment