နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်နေသဖြင့် ရုရှား-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အစီအစဉ်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ROSATOM မှ ကိုယ်စားလှယ်နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း စီမံကိန်းလုပ်ငန်းနေရာများသို့ လေ့လာကြည့်ရှုခဲ့ရာ-
- ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းရေလှောင်တမံအနီးရှိ မြေနေရာတို့ကို အပူစွမ်းအင်ဆိုင်ရာစီမံကိန်းတို့နှင့်ဆက်စပ်သော ကျောက်သား Mechanic ဆိုင်ရာ များလေ့လာခြင်း၊ ရေရရှိနိုင်မှု၊ ငလျင်နှင့် ပြတ်ရွေ့များလေ့လာခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ၊ သဘာဝပတ်ဝန်းကျင်အခြေအနေနှင့် လူမှုဘဝနေထိုင်မှုတို့အားလည်းကောင်း။
- ပေါင်းလောင်းရေလှောင်တမံ၌ ရေဝင်ရောက်မှု၊ တမံတည်ဆောက်ထားရှိမှုနှင့် တမံအမြင့်စသည်တို့ကိုလေ့လာပြီး စီမံကိန်းတည်ဆောက်မည့်နေရာနှင့်ပတ်သက်၍ မြေနေရာရွေးချယ်ဆောင် ရွက်မှုကို သက်ရောက်နိုင်မှုတို့အားလည်းကောင်း။
- ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လုပ်၍ ထွက်ရှိလာသော ရေများကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် ဖြစ်နိုင်ခြေရှိသော အသေးစားရေအားလျှပ်စစ်စီမံကိန်းနေရာကို လည်း လေ့လာကြည့်ရှုခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံကာ လေ့လာတွေ့ရှိချက်များအပေါ်အခြေခံ၍ အသေးစိတ် Seismic တိုင်းတာခြင်းလုပ်ငန်း များဆောင်ရွက်နိုင်ရန် မိမိတို့ကပြုစုထားရှိသည့် တိုင်းထွာရရှိချက်များကိုလည်းကောင်း၊ လျာထား စီမံကိန်းနေရာများ၏ ငလျင်ပြတ်ရွေ့ကြောအခြေအနေများကိုလည်းကောင်း၊ အသေးစားရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများကိုလည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အတွက် ကျွမ်းကျင်ပညာရှင်များအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၀-၁၂-၂၀၂၂)
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ROSATOM မှ ကိုယ်စားလှယ်နှင့် အဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း စီမံကိန်းလုပ်ငန်းနေရာများသို့ လေ့လာကြည့်ရှုခဲ့။
- ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံကာ လေ့လာတွေ့ရှိချက်များအပေါ် အခြေခံ၍ အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်အတွက် ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်ခဲ့။
Add new comment