ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့ကို ဒီဇင်ဘာလ ၉ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ဆက်သွယ်ရာဗဟိုဌာနအဖြစ် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ နိုင်ငံခြား သားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာနှင့် ပြည်တွင်းနေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံဆိုင်ရာအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေ အနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၀-၁၂-၂၀၂၂)

 

  • ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနှင့် အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာနှင့် ပြည်တွင်းနေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment