မြန်မာနိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုနှင့် စပ်လျဉ်း၍ ဆွေးနွေး

       လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrish- nan နှင့်အဖွဲ့ကို ဒီဇင်ဘာလ ၈ ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာတွင် -

  • လုပ်ငန်းဆိုင်ရာဆက်စပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက် ပူးပေါင်းဆောင်ရွက်နေမှု၊
  • ကုလသမဂ္ဂအဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပေးမှုနှင့် ယင်းလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့်နည်းလမ်းများ၊
  • ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အစီအစဉ်များ၊
  • မြန်မာနိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ ( UNFPA) မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦး‌ဌေးလှိုင်၊ ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁၂-၂၀၂၂)

 

  • လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး/လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan အဖွဲ့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးခဲ့။

Add new comment