မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၈ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက-
- မိမိတို့နိုင်ငံအနေဖြင့် ကျောက်စိမ်းဈေးကွက်ဖြင့် တရုတ်ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိကြောင်း။
- ခရီးသွားလုပ်ငန်း၏သဘာဝတွင် ကဏ္ဍအားလုံး ဆက်နွယ်မှုရှိနေသည့်အတွက် မိမိတို့၏ရှိပြီးသား ဈေးကွက်အား မြှင့်တင်ဆောင်ရွက်ရာတွင် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန်။
- ဝန်ကြီးဌာနအနေဖြင့် တရုတ်ခရီးသွားဈေးကွက်အား မြှင့်တင်ဆောင်ရွက်ရန်အတွက် တရုတ်ဘာသာစကားသင်တန်းများနှင့် ဆက်စပ်သင်တန်းများအား ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း။
- တရုတ်နှစ်သစ်ကူးကာလတွင်လည်း ၎င်းတို့လာရောက်နိုင်သည့်အတွက် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံရှိ ယခင်မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါ သည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သောအချက်များ၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများတွင် ဘာသာစကားမှအစ ပြင်ဆင်ဆောင်ရွက်ထားရှိသင့်သည်များ၊ ပြည်ဝင်ဗီဇာရရှိရေး၊ နှစ်ဖက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရေး၊ ကျန်းမာရေး၊ ငွေကြေးသုံးစွဲရေးနှင့် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပါသည်။
အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဘာသာရပ်တာဝန်ခံများ တက်ရောက်ကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ကုန်သည် ကြီးများအသင်းဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ၊ တယ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း (မြန်မာကိုယ်စားလှယ်ရုံး)တာဝန်ခံနှင့် ကိုယ်စားလှယ်များ၊ လေကြောင်းလိုင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းဌာနမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများက အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁၂-၂၀၂၂)
- အစည်းအဝေးတွင် မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သောအချက်များ၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများတွင် ဘာသာစကားမှအစ ပြင်ဆင်ဆောင် ရွက်ထားရှိသင့်သည်များ၊ ပြည်ဝင်ဗီဇာရရှိရေး၊ နှစ်ဖက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရေး၊ ကျန်းမာရေး၊ ငွေကြေးသုံးစွဲရေးနှင့် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment