(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၈ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရ မဟုတ်သော အသင်း/အဖွဲ့များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းကြီးနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ တိုင်းရင်းဆေးသမားတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ Video Message ဖြင့် ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်းကို ဖွင့်လှစ်ပြသခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- မြန်မာ့တိုင်းရင်းဆေးပညာသည် ခေတ်အဆက်ဆက်မှ ယနေ့မျက်မှောက်ခေတ်တိုင်အောင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ဖြစ်ထွန်းတည်တံ့ခဲ့သည့် အမျိုးသားဆေးပညာတစ်ရပ်ဖြစ်ကြောင်း။
- မြန်မာ့တိုင်းရင်းဆေးပညာရပ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် နှီးနှောဖလှယ်ပွဲများကို (၂၀၀၀) ပြည့်နှစ်က စတင်၍ နိုင်ငံတော်အဆင့် နှစ်စဉ်ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၂၁) ကြိမ်မြောက်ရှိပြီဖြစ်သည့် အခြေအနေများ။
- တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ခြင်းဆိုင်ရာသုတေသနများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး သုတေသနတွေ့ရှိချက်များကို မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေ သနညီလာခံနှင့် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲများတွင် တင်သွင်းဖတ်ကြားကြခြင်းဖြင့် ပိုမိုကောင်းမွန်ပြည့်စုံသော သုတေသနများ ဆက်လက်ဆောင်ရွက်လာနိုင်စေပြီး တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အခြေအနေ များ။
- မျိုးဆက်သစ်တိုင်းရင်းဆေးသမားတော်များအနေဖြင့်လည်း မြန်မာတိုင်းရင်းဆေးပညာကို ဂုဏ်ယူဝင့်ကြွားစွာ ချပြနိုင်ရန်နှင့် သုတေသနလုပ်ငန်းများ စနစ်တကျလုပ်ကိုင်ပြီး တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ဆောင်ရွက်သွားရမည့် အခြေ အနေများ။
- မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ MSME လုပ်ငန်းများ အောင်မြင်ရေးတွင်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်သည့်အတွက် နိုင်ငံတော်၏ GDP တိုးတက်မြင့်မားမှုကိုလည်း အထောက်အကူပြုနိုင်မှုအခြေအနေများ။
- နိုင်ငံတော်အနေဖြင့်လည်း မြန်မာ့တိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းဆေးသမားတော်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ ကိုယ်စားလှယ်တော်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ခဲ့ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ခင်းကျင်းပြသထားသည့် တိုင်းရင်းဆေးပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ (၂၁)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံကို ဆက်လက်ကျင်းပခဲ့ပါသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို တက်ရောက်လာကြသည့် ကိုယ်စားလှယ်တော်ကြီးများကို ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းနှင့် ညစာစားပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့ရိုးရာယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ရာ ညစာစားပွဲအပြီးတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၁၂-၂၀၂၂)
- (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ (၂၁)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့။
Add new comment