၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၂၅ ရက်အထိ ရှစ်လတာကာလ အတွင်း-

  • ရေထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် စုစုပေါင်းမက်ထရစ်တန်ချိန် ၁၃၆,၁၂၀.၅၇၆ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၇.၇၂၉  သန်းရရှိခဲ့။
  • လယ်ယာထွက်ကုန်တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂,၂၈၉.၉၂၈ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်နှင့်ကာလတူကို နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ ၄၆.၃၇၆ သန်းပိုမိုရရှိခဲ့။
  • ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပဲမျိုးစုံ ၁,၀၅၀,၈၁၀ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂၆.၃၃၁ သန်းရရှိခဲ့။
  • သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၁.၂၁၅ သန်း ရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၉၃.၀၇ သန်းရရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၉၄.၂၈၅ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်နှင့်ကာလတူကို နှိုင်းယှဉ် ပါက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၄၅ သန်းပိုမိုရရှိခဲ့။
  • နိုဝင်ဘာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၆၀,၀၀၀ ကျော် တင်ပို့ပြီး ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပို့ကုန်ဝင်ငွေအမြင့်ဆုံးရရှိခဲ့။

ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များတင်ပို့ရာ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၀,၉၂၀.၇၂ သန်းရရှိခဲ့ကြောင်းနှင့် ဒီဇင်ဘာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်သွယ်သင်္ဘော ၅၄ စင်း ဆိုက်ကပ်ကုန်သွယ်မည်ဖြစ်ကြောင်း သိရှိရပါသည်။      

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၂)

 

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၂၅ ရက်အထိ ရှစ်လတာကာလအတွင်း-

  • ရေထွက်ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် စုစုပေါင်းမက်ထရစ်တန်ချိန် ၁၃၆,၁၂၀.၅၇၆ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၇.၇၂၉  သန်းရရှိခဲ့။
  • လယ်ယာထွက်ကုန်တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂,၂၈၉.၉၂၈ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်နှင့်ကာလတူကို နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ ၄၆.၃၇၆ သန်းပိုမိုရရှိခဲ့။
  • ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပဲမျိုးစုံ ၁,၀၅၀,၈၁၀ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂၆.၃၃၁ သန်းရရှိခဲ့။
  • သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၉၄.၂၈၅ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်နှင့်ကာလတူကို နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ ၉.၄၅ သန်းပိုမိုရရှိခဲ့။
  • နိုဝင်ဘာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၆၀,၀၀၀ ကျော် တင်ပို့ပြီး ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပို့ကုန်ဝင်ငွေအမြင့်ဆုံးရရှိခဲ့။

Add new comment