နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ဒီဇင်ဘာလ ၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရများနှင့် တပ်မတော်များအကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်အလုပ်သမား တိုက်ဖျက် ရေး၊ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာကိစ္စများ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသ လမ်းပန်းဆက်သွယ်မှုဖွံဖြိုးတိုးတက်ရေးနှင့် အာဆီယံရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ ပထမအတွင်းဝန် Ms. Suchanaree Taranatham လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရများနှင့် တပ်မတော်များအကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်အလုပ်သမားတိုက်ဖျက်ရေး၊ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး၊ ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသ လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဆီယံရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment