နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Mongkol Visitstump သည် ဒီဇင်ဘာလ ၇ ရက်တွင် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီးနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးများ တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှု၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာ-ထိုင်းအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပနိုင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၁၂-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးသည် ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီးနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးများ တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှု၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာ-ထိုင်းအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကျင်းပနိုင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့။
Add new comment