၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

         ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖမ်းဆီးရမိမှုများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

  • နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၃၅.၃၈၁ ကီလို၊ ဘိန်းဖြူ ၇၉.၃၇၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၂၂၈,၉၉၈ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၂၅၃.၇ ကီလို၊ အိုက်စ် ၃,၀၁၇.၀၄ ကီလို၊ ဆေးခြောက် ၉၄.၉၂၃ ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၀၁၇ ကီလို၊ ဘိန်းစာရွက် ၇.၅၄ ကီလို၊ ဘိန်းစာမှုန့် ၃၇.၀၉၅ ကီလို၊ ဘိန်းစာရည် ၁.၂၅ လီတာ၊ ဘိန်းညိုမှုန့် ၆၀ ကီလို၊ အက်တက်စီဆေးပြား ၆၁၈,၃၂၀ ပြား၊ အယ်ပရာဇိုလမ်ဆေးပြား ၂၃၀ ပြား၊ ကတ်တမင်း ၂၄.၉၆၄ ကီလို၊ Erimin ဆေးပြား ၃၅,၀၀၀ ပြား၊ Happy Water ၁၄၄.၇၇၈ ကီလို၊ Promethazine ဆေးရည် ၁၂.၆ လီတာ၊ ကဖင်း ၂၉ ကီလို၊ တော်လူအင်း ၃,၄၅၀ လီတာ၊ အက်စီတုန်း ၄,၉၆၀ လီတာ၊  ဆိုဒီယမ်အက်စီတိတ် ၅,၂၅၀ ကီလို၊ အမိုနီယမ်နိုက်ထရိတ် ၁၅,၂၆၆ ကီလို၊ ကလိုရိုဖောင်း ၄,၈၀၀ လီတာ၊ ကယ်လ်စီယမ်ကာဗွန်နိတ် ၄,၉၇၅ ကီလို၊ Aluminium Sulfate ၂,၇၂၀ လီတာ၊ Vanillin ဆေးမှုန့် ၃၁.၇ ကီလို၊ Ethyl Acetate ၃,၁၂၀ လီတာ၊ အနံ့ဆေးရည် ၈၄.၂ လီတာ၊ Food Colour အရောင်တင်မှုန့် ၃၅ ကီလိုနှင့် ဆက်စပ်ကိရိယာ (ရိုက်စက်/မိုလ်) ၁ လုံး/၈၆ ချောင်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၁၅၆,၂၇၅.၀၇၄ (US$ ၇၄.၄၁၆ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၅၇၆ ဦးနှင့် အမျိုးသမီး ၆၈ ဦး၊ စုစုပေါင်း တရားခံ ၆၄၄ ဦးဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့်တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေး အတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၂)

 

  • နိုဝင်ဘာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၁၅၆,၂၇၅.၀၇၄ (US$ ၇၄.၄၁၆ သန်းကျော်)တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့်အတူ တရားခံ ၆၄၄ ဦးအား ဖမ်းဆီးရမိခဲ့။

Add new comment