အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၂) ကို ဒီဇင်ဘာလ ၆ ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက-
- ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံတော်နှင့် လူမှုစီးပွားရေးတိုးတက်မှုကိုပါ အထောက်အကူပြုနိုင်သော အဓိကအခန်းကဏ္ဍ ဖြစ်ကြောင်း။
- ခရီးသွားလုပ်ငန်း MSMEs များဖွံ့ဖြိုးတိုးတက်စေရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်စားသောက်ကုန်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုပြီး အဆင့်မြင့်ကုန်ချောပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်စေရန် လို အပ်သည့် နည်းပညာဗဟုသုတများနှင့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများဖြင့် လုပ်ငန်းရှင်များကို ဆွဲဆောင်စည်းရုံးဆောင်ရွက်သွားကြရန် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများကို တိုက်တွန်းလိုကြောင်း။
- နိုင်ငံတော်၏စီးပွားရေးမူဝါဒသည် ပြည်သူဗဟိုပြုပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ်တိုးတက်မှုရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ထိထိရောက်ရောက်ရရှိခံစားနိုင်စေရန်နှင့် ခရီးသွားလုပ်ငန်းများဖော်ဆောင်ရာတွင်လည်း ဒေသခံပြည်သူများ၏ အကြံဉာဏ်နှင့် ပူးပေါင်းပါဝင်မှုကိုရပြီး အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လာစေရန်လည်း စည်းရုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ခရီးသွားလုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ လူတန်းစားမရွေး လွယ်ကူစွာ ခရီးသွားလာနိုင်ရေးအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတွင်ဆောင်ရွက်နေသည့် Barrier Free Tourism ဖော်ဆောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စိုက်ပျိုးရေးနှင့် တွဲဖက်လုပ်ကိုင်နိုင်သည့် Agri Based Tourism၊ Farming Based Tourism နှင့် ပုပ္ပါးတောင်ဘူမိခရီး သွားလုပ်ငန်းကဲ့သို့ Educational Tourism စသည့် ခရီးသွားလုပ်ငန်းအမျိုးအစားအချို့ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အကြံဉာဏ်သစ်များဖြင့် နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် များရှိ အလားအလာရှိသော မြို့၊ ရွာများကို ခရီးသွားမြို့များ၊ ခရီးသွားကျေးရွာများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံနှင့် ရင်းနှီးပြီး ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကို မိမိတို့၏ အဓိကရည်မှန်းစျေးကွက်များအဖြစ် ကနဦးသတ်မှတ်ဖော်ဆောင်သွားရမည်ဖြစ်ပြီး မိမိတို့၏ ထူးခြားသည့် ခရီးသွားထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို လည်း Digital Platform များ၊ သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံသံရုံးများမှတစ်ဆင့် ကမ္ဘာ့ခရီးသွားအဝန်းအဝိုင်းသိရှိနိုင်စေရေး ဆက်လက် မြှင့်တင်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံအတွင်း လာရောက်လည်ပတ်ကြမည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ခရီးသွားလာမှုလွယ်ကူချောမွေးစေရေးနှင့် လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေပြီး ဆင့်ပွားအကျိုးကျေးဇူးများဖြစ် ထွန်းစေမည့် ခရီးသွားလုပ်ငန်းအမျိုးအစားစုံလင်စွာ ဖွံ့ဖြိုးလာစေရန် အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် မြန်မာခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် စွန့်ဦးတီထွင်မှုနှင့်အတူ ခရီးသွားထုတ်ကုန်များဖွံ့ဖြိုးလာစေရန်နှင့် ဈေးကွက်များ ပြန်လည် ရှင်သန် အားကောင်းလာစေရေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပြောကြားခဲ့။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာတတ်သိပညာရှင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၂)
- ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်စားသောက်ကုန်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုပြီး အဆင့်မြင့်ကုန်ချောပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန် လိုအပ်သည့်နည်းပညာဗဟုသုတများနှင့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများဖြင့် လုပ်ငန်းရှင်များကို ဆွဲဆောင်စည်းရုံးဆောင်ရွက်သွားကြရန် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများကို တိုက်တွန်းလို။
- ခရီးသွားလုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ လူတန်းစားမရွေးလွယ်ကူစွာ ခရီးသွားလာနိုင်ရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ဆောင်ရွက်နေသည့် Barrier Free Tourism ဖော်ဆောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်။
- မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စိုက်ပျိုးရေးနှင့် တွဲဖက်လုပ်ကိုင်နိုင်သည့် Agri Based Tourism၊ Farming Based Tourism နှင့် ပုပ္ပါးတောင်ဘူမိခရီး သွားလုပ်ငန်းကဲ့သို့ Educational Tourism စသည့် ခရီးသွားလုပ်ငန်းအမျိုးအစားအချို့ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အကြံဉာဏ်သစ်များဖြင့် နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် များရှိ အလားအလာရှိသောမြို့၊ ရွာများကို ခရီးသွားမြို့များ၊ ခရီးသွားကျေးရွာများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်။
- မြန်မာနိုင်ငံနှင့် ရင်းနှီးပြီး ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကို မိမိတို့၏ အဓိကရည်မှန်းစျေးကွက်များအဖြစ် ကနဦးသတ်မှတ် ဖော်ဆောင်သွားရမည်ဖြစ်ပြီး မိမိတို့၏ ထူးခြားသည့် ခရီးသွားထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို လည်း Digital Platform များ၊ သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံသံရုံးများမှတစ်ဆင့် ကမ္ဘာ့ခရီးသွားအဝန်းအဝိုင်းသိရှိနိုင်စေရေး ဆက်လက်မြှင့်တင်ကြိုးပမ်းကြရမည်ဖြစ်။
Add new comment