စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးအား ဒီဇင်ဘာလ ၅ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသ ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရုံးအဆောက်အဦ ၁ ခု၊ အဆိုပါရုံးအတွင်း ထိန်းသိမ်းထားရှိသည့် သစ်သားဘီရို ၅ လုံး၊ သစ်သားစားပွဲ ၁၄ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၂၀ လုံး၊ ဖိုင်တင်စင် ၂၄ စင်၊ လျှပ်စစ်မီတာ ၁ လုံး၊ ရုံးသုံးတယ်လီဖုန်း ၁ လုံး၊ ရုံးသုံးစာရွက်စာတမ်းများနှင့် ဖိုင်များ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါသည်။
အကြမ်းဖက်သမားများသည် အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် PDF တရားဥပဒေစိုးမိုးမှုလျော့နည်းစေရန်အတွက် စစ်ရေးနှင့်မသက်ဆိုင်သော နိုင်ငံတော်ပိုင်ရုံးများ၊ အဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီး၊ မိုင်းထောင်ဖောက်ခွဲလျက်ရှိသဖြင့် ပြည်သူတစ်ရပ်လုံးက စက်ဆုတ်ရွံ့ရှာ မုန်းတီးလျက်ရှိပါသည်။
ထိုသို့ နိုင်ငံတော်ပိုင်ရုံး၊ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၂)
- PDF အကြမ်းဖက်သမားများက မြောင်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးအား မီးရှို့ဖျက်ဆီးခဲ့ရာ ရုံးအဆောက်အဦ ၁ ခု၊ အဆိုပါရုံးအတွင်း ထိန်းသိမ်းထားရှိသည့် သစ်သားဘီရို ၅ လုံး၊ သစ်သားစားပွဲ ၁၄ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၂၀ လုံး၊ ဖိုင်တင်စင် ၂၄ စင်၊ လျှပ်စစ်မီတာ ၁ လုံး၊ ရုံးသုံးတယ်လီဖုန်း ၁ လုံး၊ ရုံးသုံးစာရွက်စာတမ်းများနှင့် ဖိုင်များ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့။
Add new comment