ပေါက်မြို့နယ်၌ PDF အကြမ်းဖက်သမားများက သံဃာတော် ၁ ပါးနှင့် ကျောင်းအုပ်ဆရာကြီး ၁ ဦးတို့အား သတ်ဖြတ်ကာ ဆရာမ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်

        ဒီဇင်ဘာလ ၆ ရက်တွင် PDF အကြမ်းဖက်သမားများသည် ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ ပေါက်ချောင်းအလယ်စုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား သတ်ဖြတ်ကာ ဆရာမ ၄ ဦးအား ဖမ်းဆီးခေါ် ဆောင်သွားပြီး နောက် အဆိုပါကျေးရွာရှိ ကျောင်းထိုင်ဆရာတော်တစ်ပါးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်ပါ ဆရာ ၄ ဦး၊ ဆရာမ ၆ ဦးတို့သည် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိစဉ် PDF အကြမ်းဖက်သမား တစ္ဆေ(ခ)အေးငြိမ်းဖြိုး ဦးဆောင်သော အင်အား (၂၀) ဦးခန့်သည် ဆိုင်ကယ် ၁၀ စီးနှင့် လက်နက် ကိုယ်စီကိုင်ဆောင်ရောက်ရှိလာပြီး ဆရာ၊ ဆရာမများအား CDM မလုပ်သဖြင့် ခြိမ်းခြောက်ပြောဆိုကာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကျောင်းအုပ်ဆရာကြီးသည် သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကာ ဆရာမ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် အဆိုပါ PDF အကြမ်းဖက်အဖွဲ့သည် ပေါက်ချောင်းအလယ်စုကျေးရွာရှိ တေဇိန္ဒရာမကျောင်းတိုက်သို့ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ သက်တော် (၆၀)နှစ်၊ ဝါတော်(၃၇)ဝါ အား အကြောင်းမဲ့ ရက်စက်စွာ ထပ်မံသတ်ဖြတ်ခဲ့မှုကြောင့် ဆရာတော်သည် ဖြစ်စဉ်နေရာ၌ပင် ရရှိသောဒဏ်ရာများဖြင့် ပျံလွန်တော်မူသွားခဲ့ပါသည်။

PDF အကြမ်းဖက်သမားများက ငါနှင့်မတူငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိသည့် ရဟန်းသံဃာများအား တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ် မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

အထက်ပါဖြစ်စဉ်များတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၂)

 

  •  PDF အကြမ်းဖက်သမား တစ္ဆေ(ခ)အေးငြိမ်းဖြိုး ဦးဆောင်သော အင်အား (၂၀)ဦး ခန့်သည် ပေါက်မြို့နယ်၊ ပေါက်ချောင်းအလယ်စုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား သတ်ဖြတ်ကာ ဆရာမ ၄ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားပြီး အဆိုပါကျေးရွာရှိ ကျောင်းထိုင်ဆရာတော်အား ထပ်မံသတ်ဖြတ်ခဲ့

Add new comment