ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

      ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Ms.Natalia A. Bocharova နှင့် ကိုယ်စားလှယ် အဖွဲ့အား ဒီဇင်ဘာလ ၅ ရက်တွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပညာတော်သင်များတိုးမြှင့်စေလွှတ်နိုင်ရေး၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံပညာရေးဆိုင်ရာပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ရုရှားဘာသာစကားသင် ကြားရေးကိစ္စရပ်များနှင့် Naypyitaw State Academy  ဆက်လက်တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၂)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၍ ပညာတော်သင်များ တိုးမြှင့်စေလွှတ်နိုင်ရေး၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊  နှစ်နိုင်ငံပညာရေးဆိုင်ရာပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။

 

 

 

 

Add new comment