ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့သည် ဒီဇင်ဘာလ ၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Maxim RESHETNIKOV ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါ သည်။
တွေ့ဆုံစဉ်-
- ရုရှားနိုင်ငံသားခရီးသည်များ မြန်မာနိုင်ငံသို့ အဆင်ပြေလွယ်ကူစွာ လာရောက်လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဏာမအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး သဘောတူထားရှိမှုများနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာမူကြမ်း ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့။
- ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက မကြာမီတွင် ရုရှားနိုင်ငံမှ ခရီးသည်များ လာရောက်လည်ပတ်ကြမည်ဟု ယုံကြည်ကြောင်း၊ အနာဂတ်စီမံကိန်းများတွင်လည်း အစိုးရ၊ ပုဂ္ဂလိက အဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးနှင့် ကိုယ်စားလှယ်များက ငပလီကမ်းခြေရှိ Amazing Ngapali Resort၊ Bayview Beach Resort နှင့် Sandoway Resort များသို့ သွားရောက်၍ ဟိုတယ် အခန်းများနှင့် ဝန်ဆောင်မှုများကို ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၂)
- ပြည်ထောင်စုဝန်ကြီးများ ရုရှားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ရုရှားနိုင်ငံသား ခရီးသည်များ မြန်မာနိုင်ငံသို့ အဆင်ပြေလွယ်ကူစွာ လာရောက်လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဏာမ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက မကြာမီတွင် ရုရှားနိုင်ငံမှ ခရီးသည်များ လာရောက်လည်ပတ်ကြမည်ဟု ယုံကြည်ကြောင်း၊ အနာဂတ်စီမံကိန်းများတွင်လည်း အစိုးရ၊ ပုဂ္ဂလိက အဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
- ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးနှင့် ကိုယ်စားလှယ်များက ငပလီကမ်းခြေ ရှိ Amazing Ngapali Resort၊ Bayview Beach Resort နှင့် Sandoway Resort များသို့ သွားရောက်။
Add new comment