KIA နှင့် PDF အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး

     NUG၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများသည် KIA အဖွဲ့နှင့် ပူးပေါင်းပြီး အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်းဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ-

  • ဒီဇင်ဘာလ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကျောက်အိုက်ကျေးရွာနှင့် ရွှေချောင်းကျေးရွာအနီးသို့ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းအကြမ်းဖက်အဖွဲ့များသည် ဆုတ်ခွာသွားစဉ် လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လူနေအိမ် ၆၈ လုံးအနက် ၆၀ လုံး၊ ရွှေချောင်းကျေးရွာရှိ လူနေအိမ် ၂၇၃ လုံးအနက် ၈၀ လုံး မီးလောင်ပျက်စီးခဲ့။
  • အလားတူ ဒီဇင်ဘာလ ၅ ရက်တွင် ထီးချိုင့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇီးဖြူကျင်းကျေးရွာအနီးသို့အရောက်၌ အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ၎င်းအကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေးစဉ် လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၁၅၅ လုံးအနက် ၃၀ လုံးမီးလောင်ပျက်စီးခဲ့။
  • KIA နှင့် PDF အကြမ်းဖက်သမားများသည် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၆၈၃ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး တို့အား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့။

အဆိုပါ မီးဘေးသင့်ပြည်သူများသည် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဆွေမျိုးများ၏နေအိမ်များ၌ နေထိုင်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော် ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၂)

 

  • KIA နှင့် PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားနောက် ၎င်းတို့ဆုတ်ခွာထွက်ပြေးချိန်တွင် မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း အိမ်ခြေ ၆၈၃ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံးတို့ မီးလောင်ပျက်စီးခဲ့။

Add new comment