ဒီဇင်ဘာလ ၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းသို့ PDF အကြမ်းဖက်အဖွဲ့များက Drone ဖြင့် Drop Bomb တစ်လုံးအား ပစ်ချဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သတ္တမဝေပုလ္လဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဓမ္မာရုံ၏ အမိုးသွပ် ၁ ချပ်ပျက်စီးခဲ့ပါသည်။
အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေ ရန်ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ရဟန်းသံဃာတော်များနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများကိုပါ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါဖြစ်စဉ်တွင် ပါဝင် ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၂-၂၀၂၂)
- ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာရှိ သီရိဓမ္မာဘုန်းကြီးကျောင်းဝန်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့များက Drone ဖြင့် Drop Bomb တစ်လုံးအား ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့။
Add new comment