ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုများရှိလာပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ထွက်ပြေးတိမ်းရှောင်နေသူများ အနက်မှ ဇန်နဝါရီလ ၆ ရက်တွင် အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း ၈၃ ဦးတို့သည် ၎င်းတို့၏နေရပ် မယ်ထော်သလေးကျေးရွာသို့ အသီးသီးထပ်မံပြန်လည်ဝင်ရောက်လာခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်အထိ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်၊ မယ်ထော်သလေးနှင့် ဖလူးကြီးကျေးရွာတို့တွင် နေထိုင်သူ အမျိုးသား ၃,၁၅၃ ဦး၊ အမျိုးသမီး ၃,၅၅၃ ဦး၊ စုစုပေါင်း ၆,၇၀၆ ဦးတို့သည် ၎င်းတို့နေရပ်သို့ အသီးသီးပြန်လည်ဝင်ရောက်လာခဲ့ပါသည်။
အဆိုပါပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့်အထောက်အထား စာရွက်စာတမ်း များပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့် အခြားလိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
- ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်အထိ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်၊ မယ်ထော်သလေးနှင့် ဖလူးကြီးကျေးရွာတို့တွင် နေထိုင်သူ အမျိုးသား ၃,၁၅၃ ဦး၊ အမျိုးသမီး ၃,၅၅၃ ဦး၊ စုစုပေါင်း ၆,၇၀၆ ဦးတို့သည် ၎င်းတို့နေရပ်သို့ အသီးသီးပြန်လည်ဝင်ရောက်လာခဲ့။
Add new comment