KIA နှင့် PDF အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး

      NUG၊ CRPH တို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများသည်  KIA အဖွဲ့နှင့် ပူးပေါင်းပြီး အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်းဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ-

  • နိုဝင်ဘာလ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာအတွင်း၌ KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ဝင်ရောက်နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ရွာသားအချို့၏ သတင်းပို့မှု အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာသို့သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်း  အကြမ်းဖက်အဖွဲ့များသည် ဆုတ်ခွာသွားစဉ် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၂၅၀ လုံး မီးလောင်ဆုံးရှုံးခဲ့။
  • အလားတူ နိုဝင်ဘာလ ၃၀ ရက်တွင် ထီးချိုင့်မြို့နယ်၊ အင်းတိန်ကျေးရွာ၌လည်း အကြမ်းဖက်အဖွဲ့များသည် ဆုတ်ခွာထွက်ပြေးသွားစဉ် လမ်းတစ်လျှောက်ရှိ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၁၀၈ လုံး မီးလောင်ဆုံးရှုံးခဲ့။
  • KIA နှင့် PDF အကြမ်းဖက်သမားများသည် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၅၁၃ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး တို့အား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့။

အဆိုပါ မီးဘေးသင့်ပြည်သူများသည် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဆွေမျိုးများ၏နေအိမ်များ၌ နေထိုင်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၁၂-၂၀၂၂)

 

  • KIA နှင့် PDF အကြမ်းဖက်သမားများသည် ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၅၁၃ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး တို့အား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့။

Add new comment