နိုဝင်ဘာလ ၃၀ ရက်တွင် သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ သွယ်တန်းထားသည့် ၆၆ ကေဗွီမဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၄၅၊ ၄၆၊ ၄၇) တို့အား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ တာဝါတိုင်များ လဲကျပျက်စီးခဲ့သဖြင့် လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရှိရပါသည်။
CRPH နှင့် NUG အကြမ်းဖက်အဖွဲ့များသည် PDF အကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ မရှိစေရေးတို့အတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အဦများအား နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ အဆိုပါအကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်ထိ ဆက်သွယ်ရေးနှင့် လျှပ်စစ်တာဝါတိုင်စုစုပေါင်း(၅၀၄)တိုင်အား မီးရှို့ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်တွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ထမ်းများမှ အသက်ဆုံးရှုံးခဲ့ရသူ(၁၉)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၅၆)ဦး ရှိခဲ့သော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သက်ဆိုင်ရာနယ်မြေများရှိ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁၂-၂၀၂၂)
- သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ သွယ်တန်းထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၄၅၊ ၄၆၊ ၄၇) တို့အား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့။
Add new comment