စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ်(၆၄)မှ အောင်စစ်သည်ဆု၊ လေ့ကျင့်ရေး ထူးချွန်ဆု၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)၊ စာပေထူးချွန်ဆု(သိပ္ပံ)နှင့် စာပေထူးချွန်ဆု(ကွန်ပျူတာ)ဆုရရှိသည့် ထူးချွန်ဗိုလ်လောင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင်-
- “တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့် အညီ တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ်လိုက်ခြင်းသည် တိုင်းပြည်တာဝန်၊ နိုင်ငံ့တာဝန်ကို တပ်ရင်း၊ တပ်ဖွဲ့များတွင် အခြေခံကျကျ တာဝန်ထမ်းဆောင်နိုင်စေ ရန်ဖြစ်ကြောင်း။
- တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးများမှ လွတ်လပ်ရေးရသည်အထိ ပြည်သူကို ဦးဆောင်လက် တွဲတိုက်ပွဲဝင်ခဲ့သည့် တပ်မတော်ဖြစ်ကြောင်း။
- စစ်တက္ကသိုလ်မှ နိုင်ငံတော်တာဝန်များ ထမ်းဆောင်ရန်အတွက် လေ့ကျင့်၊ သင်ကြား၊ ပျိုးထောင်ပေးလိုက်ခြင်းသည် အခြေခံမျှသာဖြစ်၍ မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင် ကြရမည့် လက်တွေ့နယ်ပယ်တွင် ၎င်းပညာရပ်များကို အခြေခံပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- မိမိတို့တပ်မတော်သားများသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းဥပဒေများကို တိတိကျကျလိုက်နာဆောင်ရွက်ကြရသည့်အပြင် နိုင်ငံတော်က ချမှတ်ထား သည့်ဥပဒေနှင့် စည်းကမ်းများကိုလည်း နိုင်ငံသားတစ်ဦးအနေဖြင့် လိုက်နာကြရသူများဖြစ်ကြောင်း။
- စည်းကမ်းကောင်းသည့် တပ်မတော်၊ စည်းကမ်းရှိသည့် အဖွဲ့အစည်း၊ စည်းကမ်းအရာတွင် စံနမူနာဖြစ်သည့် အဖွဲ့အစည်းအဖြစ် တပ်မတော်၏ အစဉ်လာကောင်းများကို ဆက် လက်ထိန်းသိမ်းရန်လည်း မှာကြားလိုကြောင်း။
- လက်ရုံးရည်ပြည့်ဝစေရန် စဉ်ဆက်မပြတ် လေ့ကျင့်နေရမည်ဖြစ်သကဲ့သို့ နှလုံးရည်ပြည့်ဝစေရန်လည်း ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်၊ ဗဟုသုတများရရှိအောင် သုတ၊ ရသစာအုပ်စာပေများကို အမြဲဖတ်ရှုလေ့လာနေရမည်ဖြစ်ကြောင်း။
- စာပေကပေးသည့် အသိအမြင်၊ အတွေးအခေါ်များသည် စိတ်ဓာတ်ခံယူချက်များကို မြင့်တက်လာစေမည်ဖြစ်သဖြင့် စာကောင်းပေမွန်များကို ဖတ်ရှုခြင်းအားဖြင့် မိမိကိုယ်ကို ထိန်း သိမ်းလာနိုင်ပြီး စိတ်ဓာတ်စည်းကမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။
- တပ်မတော်တစ်ရပ်အရည်အချင်းပြည့်ဝရန်အတွက် လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်အတွက် အရေးကြီးဆုံးလုပ်ငန်း လည်းဖြစ်ကြောင်း။
- တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်ဟူသည့် တပ်မတော်၏ အဓိကလုပ်ငန်းတာဝန် ၃ ရပ်ကို အစဉ်တစိုက်ထမ်းဆောင်လျက်ရှိကြောင်း။
- နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်ကာကွယ်ရေးသည် အနိမ့်ဆုံးအဆင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်ပြီး တပ်မတော်သားများသည် ကိုယ်ပိုင်ဆန္ဒနှင့်အညီ အများအကျိုးအတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း။
- တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ(Guardian)အဖြစ် အဆိုပါတာဝန်များကို ထမ်းဆောင်သွားမည်ဖြစ် ကြောင်း။
- မိမိတို့နိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း။
- ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် အပြုအမူမှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးခြင်းသည် သမိုင်းပေးတာဝန် ထမ်းဆောင်ခြင်းသာဖြစ်ကြောင်း။
- တပ်မတော်အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အားသွန်ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ငြိမ်းချမ်း ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် ငြိမ်းချမ်းရေးအတွက် ယခုနှစ်မှစတင်၍ ခြေလှမ်းသစ်များဖြင့် ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း။
- ၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံရေးအရဖြစ်ပေါ်လာခဲ့သည့် အရေးပေါ်အခြေအနေများအရ နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူရပြီးနောက်ပိုင်းတွင် တိုင်းပြည်ပျက်စီးရာ ပျက်စီး ကြောင်း လုပ်နေသည့်သူများကိုလည်း အရေးယူခဲ့ရခြင်းသည် နိုင်ငံရေးအရအရေးယူခြင်းမဟုတ်ဘဲ ၎င်းတို့ကျူးလွန်ခဲ့သည့် ဥပဒေချိုးဖောက်မှုများကြောင့်ပင် ဥပဒေအရသာ အရေးယူခဲ့ရခြင်းဖြစ်ပြီး ဥပဒေအထက်တွင် မည်သူမျှမရှိသည်ကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း။
- အလားတူဥပဒေကြောင်းအရ အရေးယူခဲ့သည့်သူအချို့ကိုလည်း အရေးယူပြီးနောက်ပိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အတူပူးပေါင်းဆောင်ရွက်နိုင်စေရန် ပြစ်ဒဏ်လျော့ ပေါ့ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်အနေဖြင့် သဘောထားကြီးမားစွာနှင့် နိုင်ငံ့အကျိုးရှေးရှု၍ ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။
- ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံကို တည်ဆောက်ရာတွင် ပါတီစုံဒီမိုကရေစီစနစ်တစ်ခုတည်းနှင့် မပြည့်စုံဘဲ တိုင်းရင်းသားအားလုံး ပေါင်းစည်းနေထိုင်ပြီး အခွင့်အရေးမျှဝေခံစားနိုင်သည့် ပြည်ထောင်စုစနစ်တည်ဆောက်သွားခြင်းသည် မိမိတို့နိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
- ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့ကို ကိုယ်စားပြုသည့်သူများအား ကိုယ်တိုင်ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်၍ ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း။
- ထို့ကြောင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ဟုဆိုရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများက ရွေးချယ်သည့် အုပ်ချုပ်ရေး စနစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသား၊ ပြည်သူများ အတူတကွပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ပြဋ္ဌာန်းခွင့်များ ရရှိမည်ဖြစ်ကြောင်း။
- နောင်ပြုလုပ်မည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားများ၊ ဒေသများနှင့် နိုင်ငံအနှံ့ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုသည့်သူများ ဝင်ရောက် အရွေးချယ်ခံနိုင်ရန် နှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည်ကိုပြောကြားလိုကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် တိုင်းပြည်တည်ဆောက်ရေးကို ပုံဖော်နေခြင်းဖြစ်ကြောင်း။
- ငြိမ်းချမ်းမှုမရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလှမ်းဝေးနေမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည်များလည်း နိမ့်ကျနေမည်ပင်ဖြစ်ကြောင်း။
- ထို့ကြောင့် မိမိတို့တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကိုချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်အတူ အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း။
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျ တိုးတက်လာနိုင်စေရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာတွင် ပြည်ထောင် စုစိတ်ဓာတ်ကိုအခြေခံပြီး ဒေသနှင့်တိုင်းပြည်အတွက် ပကတိလိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ထိုသို့ဆွေးနွေးရာတွင်လည်း ပြည်သူလူထုနှင့်နိုင်ငံတော်အတွက် ရလဒ်ကောင်းများရရှိခဲ့ကြောင်း။
- နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံပြီး ဆောင်ရွက်သွားမည်ဖြစ် ခြင်းကြောင့် NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း တပ်မတော်အနေဖြင့် တံခါးဖွင့်ပေးထားပြီး ကြိုဆိုလျက် ရှိကြောင်း။
- ခေါင်းဆောင်ငယ်များဖြစ်လာကြမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်ပြီး အမိစစ်တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် နောင်တစ်ခေတ်၏ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်သည် စစ်ရေးပြအခမ်းအနားအပြီးတွင် စစ်တက္ကသိုလ်ကျောင်း ဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီမောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ စစ်တက္ကသိုလ် စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁၂-၂၀၂၂)
- “တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သည့် လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံသော အရာရှိကောင်းများ မွေးထုတ်ပေးရန်”ဟူသည့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့် အညီ တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ်လိုက်ခြင်းသည် တိုင်းပြည်တာဝန်၊ နိုင်ငံ့တာဝန်ကို တပ်ရင်း၊ တပ်ဖွဲ့များတွင် အခြေခံကျကျ တာဝန်ထမ်းဆောင်နိုင် စေရန်ဖြစ်။
- စည်းကမ်းကောင်းသည့် တပ်မတော်၊ စည်းကမ်းရှိသည့် အဖွဲ့အစည်း၊ စည်းကမ်းအရာတွင် စံနမူနာဖြစ်သည့် အဖွဲ့အစည်းအဖြစ် တပ်မတော်၏ အစဉ်လာကောင်းများကို ဆက် လက်ထိန်းသိမ်းရန်။
- လက်ရုံးရည်ပြည့်ဝစေရန် စဉ်ဆက်မပြတ် လေ့ကျင့်နေရမည်ဖြစ်သကဲ့သို့ နှလုံးရည် ပြည့်ဝစေရန်လည်း ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်၊ ဗဟုသုတများရရှိအောင် သုတ၊ ရသစာအုပ်စာပေများကို အမြဲဖတ်ရှုလေ့လာနေရမည်ဖြစ်။
- တပ်မတော်တစ်ရပ်အရည်အချင်းပြည့်ဝရန်အတွက် လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်အတွက် အရေးကြီးဆုံးလုပ်ငန်း လည်းဖြစ်။
- နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်။
- တပ်မတော်အနေဖြင့် နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် အပြုအမူ မှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးခြင်းသည် သမိုင်းပေးတာဝန်ထမ်းဆောင်ခြင်းသာဖြစ်။
- ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံကိုတည်ဆောက်ရာတွင် ပါတီစုံဒီမိုကရေစီစနစ်တစ်ခုတည်းနှင့်မပြည့်စုံဘဲ တိုင်းရင်းသားအားလုံး ပေါင်းစည်းနေထိုင်ပြီး အခွင့်အရေးမျှဝေခံစားနိုင်သည့် ပြည်ထောင်စုစနစ်တည်ဆောက်သွားခြင်းသည် မိမိတို့နိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်။
- ငြိမ်းချမ်းမှုမရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလှမ်းဝေးနေမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည်များလည်း နိမ့်ကျနေမည်ပင်ဖြစ်။
- ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်ပြီး အမိစစ်တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် နောင်တစ်ခေတ်၏ ခေါင်း ဆောင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်။
Add new comment