နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတဟောင်း မစ္စတာကျန်ဇီမင်း ကွယ်လွန်သွားခဲ့သည့်အတွက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ် မှတ်တမ်းစာအုပ်၌ ဒီဇင်ဘာလ ၃ ရက်တွင် သွားရောက် လက်မှတ်ရေးထိုးခဲ့ပါသည်။
ကွယ်လွန်သူ မစ္စတာကျန်ဇီမင်းသည် ၁၉၉၃ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၀၁ ခုနှစ်တွင် တရားဝင်ချစ်ကြည် ရေးခရီး လာရောက်ခဲ့ကြကြောင်း သိရှိရပါသည်၊၊
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၂-၂၀၂၂)
- ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတဟောင်း မစ္စတာကျန်ဇီမင်း ကွယ်လွန်သွားခဲ့သည့်အတွက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်ထောင်စု ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ် မှတ်တမ်းစာအုပ်၌ ဒီဇင်ဘာလ ၃ ရက်တွင် သွားရောက် လက်မှတ်ရေးထိုးခဲ့။
Add new comment