ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်န ဝါရီလ ၆ ရက်တွင် တတိယအကြိမ်အဖြစ် ၁,၈၃၈ ဦးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၈၇,၃၄၅ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၂၀,၄၄၇ ဦးအားလည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၆ ရက်တွင် ဒုတိယအကြိမ် အဖြစ် ၃,၀၃၉ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁,၁၆၅ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၆ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၅၀၈,၁၅၂ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁,၀၁၂ ခု အား စစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉၂ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၇၄ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၆-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၉၈,၆၄၄ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၁,၆၂၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၈၄ ဦးရှိကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်တွင် တတိယအကြိမ်အဖြစ် ၁,၈၃၈ ဦးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၈၇,၃၄၅ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၂၀,၄၄၇ ဦးအားလည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့။
- ၆-၁-၂၀၂၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစု ပေါင်း ၁,၅၀၈,၁၅၂ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ၆-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၉၈,၆၄၄ ခုအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၁,၆၂၄ ဦး နှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၈၄ ဦးဖြစ်ပြီး ၆-၁-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၇၄ ရာခိုင်နှုန်းရှိ။
Add new comment