နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်း သိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁ ရက်နှင့် ၂ ရက်တို့တွင် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E Fall) သို့ ရောက်ရှိရာတွင်-

  • အပန်းဖြေစခန်းအတွင်း ပြည်သူများ စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ရန်နှင့် တောတွင်းလျှောက်လမ်းများတွင် ရေညှိများ ကပ်ငြိမှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့။ 
  • Sky Cable တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အပန်းဖြေစခန်း (B.E Fall) အတွင်း လှည့်လည်ကြည့်ရှုကာ လာရောက်အပန်းဖြေ အနားယူနေကြသည့် ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့။ 
  • ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုအားပေးကာ အစာကျွေးကြပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့။
  • ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများ သဘာဝတောတွင်းအလှအပများကို လှည့်လည်ကြည့်ရှုနိုင်ရန် ဖောက်လုပ်ထားသည့် တောတွင်းလျှောက်လမ်းအား လှည့်လည်ကြည့်ရှုပြီး Sky Cable ဆင်းသက်မည့် နေရာတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့။

ပွဲကောက်ရေတံခွန်သည် ယခင်ကစနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင်ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးပြီး လမ်းညွှန်ချက်များအရ အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပန်းဖြေစခန်းအတွင်း ရေတံခွန် ၃ ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့ အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကာ မှန်တံတားအောက်ခြေရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားနိုင်မည်ဖြစ်ကြောင်း၊ ပန်းမြို့တော်၊ ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ပန်းမျိုးစုံကို စိုက်ပျိုးထားရှိပြီး နှစ်စဉ်ပန်းပွဲတော်များကိုလည်း ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable ကိုလည်း တည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ရောက်ရှိကြရာ ဥယျာဉ်မှ တာဝန်ရှိသူများက အမျိုးသားကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါ သည်။ 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ဥယျာဉ်၏ အသက်သည် ရေကန်များဖြစ်ပြီး ဥယျာဉ်သို့ လာရောက်လည်ပတ်သူများကို အဓိကဆွဲဆောင်ထားသည့် ရေကန်များ သာယာလှပရန်နှင့် ရေကိုစနစ်တကျ ထိန်းသိမ်း ထားရှိမှသာလျှင် လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း။
  • ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဟု ခေါ်ဆိုကြသည်နှင့်အညီ ဒေသမျိုးရင်းပန်းများ ဥယျာဉ်အတွင်း မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖူးပွင့်လှ  ပနေစေရေး ဖော်ထုတ်စိုက်ပျိုးကြရမည်ဖြစ်ကြောင်း။
  • ဒေသမျိုးကို ထိန်းသိမ်းနိုင်ရန်နှင့် ခိုင်မာမှုရှိရန် ပန်းသုတေသနခြံကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ဆယ့်နှစ်လရာသီပတ်လုံး ဖူးပွင့်နိုင်သည့် ပန်းမျိုးစုံရှိသည့်အတွက် ဒေသသို့ လာရောက်သည့် ခရီးသွားအပန်းဖြေသူ ဧည့်သည်များ မည်သည့်အချိန်တွင်လာရောက်သည်ဖြစ်စေ စိတ်ချမ်းသာမှုရှိစေရေး ပန်းများအမြဲမပြတ် ဖူးပွင့်လှပနေအောင် စီမံဆောင် ရွက်ရမည်ဖြစ်ကြောင်း။
  • ကန်တော်ကြီးဥယျာဉ် စိမ်းလန်းစိုပြေစေရေး၊ ရေကန်များ ရေဝင်ရေထွက်ကောင်းမွန်စေရေး တာဝန်ရှိသူတို့က ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးမှာကြား ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကန်တော်လေးရေပိုလွှဲတိုးချဲ့တည်ဆောက်နေမှု အခြေအနေများကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ 

အဆိုပါအမျိုးသားကန်တော်ကြီးဥယျာဉ်တော်အတွင်းရှိ ရေကန်များသို့ ယခင်နှစ်ပိုင်းက ရေဝင်ရောက်မှုများ နည်းပါးနေသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြင်ဦးလွင်မြို့ခရီးစဉ်များတွင် လမ်းညွှန်မှာကြားချက်အရ သက်ဆိုင် ရာဌာနများမှ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ ယခင်ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုမှာ အနက် ၁၆ ပေသာရှိခဲ့ရာမှ ယခုအခါတွင် ၃၁ ဒသမ ၈ ပေသို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ရေအရင်းအမြစ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁၂-၂၀၂၂)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Sky Cable တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အပန်းဖြေစခန်း (B.E Fall) အတွင်း လှည့်လည်ကြည့်ရှုကာ လာရောက်အပန်းဖြေ အနားယူနေကြသည့် ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့။ 
  • အပန်းဖြေစခန်းအတွင်း ရေတံခွန် ၃ ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကာ မှန်တံတားအောက်ခြေရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားနိုင်မည်ဖြစ်။
  • အပန်းဖြေစခန်းအတွင်း ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable ကိုလည်း တည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ။
  • ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဟုခေါ်ဆိုကြသည်နှင့်အညီ ဒေသမျိုးရင်းပန်းများ ဥယျာဉ်အတွင်း မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖူးပွင့်လှပနေစေရေး ဖော်ထုတ်စိုက်ပျိုးကြရမည်ဖြစ်။
  • ကန်တော်ကြီးဥယျာဉ် စိမ်းလန်းစိုပြေစေရေး၊ ရေကန်များ ရေဝင်ရေထွက်ကောင်းမွန်စေရေး တာဝန်ရှိသူတို့က ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လို။

Add new comment