ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ရုရှားနိုင်ငံအခြေစိုက် Yi Ling Tourism Co.,Ltd မှ Commercial Director ဖြစ်သူ Mr. Kosinkov Evgeny အား ဒီဇင်ဘာလ ၂ ရက်တွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင်-
- Mr. Kosinkov Evgeny က ရုရှားနိုင်ငံသားခရီးသည်များအနေနှင့် နိုင်ငံတကာတွင် အကျုံးဝင်သော အာမခံဝယ်ယူ၍ ခရီးသွားလာလျက်ရှိပြီး မြန်မာနိုင်ငံတွင် အာမခံ ထပ်မံရယူရ ခြင်းနှင့်စပ်လျဉ်း၍ ဖြေလျှော့ပေးစေလိုကြောင်း၊ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များအတွက် လေကြောင်းလိုင်းများပျံသန်းပြေးဆွဲရန် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသည်များ ငွေကြေးလွှဲပို့သုံးစွဲမှု လွယ်ကူအဆင်ပြေစေရေး ဆောင်ရွက်ပေးနိုင်ပါက ခရီးသည်များ ပိုမိုလာရောက်ရေး ဖိတ်ခေါ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့။
- ပြည်ထောင်စုဝန်ကြီးက လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုအနေနှင့် ယခင်အီတလီလေကြောင်းက မီလန်မြို့မှ ခရီးသည်များကို မြန်မာနိုင်ငံတွင် တစ်ထောက်နား၍ ဖူးခက်သို့ ပျံသန်းသကဲ့သို့ ပျံသန်းနိုင်သည့် သာဓကများရှိကြောင်း၊ ယခုလည်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းမှ ခရီးစဉ်များ စီစဉ်နေသည်ဟု သိရှိရကြောင်း၊ ခရီးသွားအာမခံကြေး နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသွားများလာရောက်ပါက ၎င်းတို့၏ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုတိုးမြင့်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်နေကြောင်း၊ လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ပေးမည်ဟု ပြန်လည် ပြောကြားခဲ့။
တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁၂-၂၀၂၂)
- Mr. Kosinkov Evgeny က ရုရှားနိုင်ငံသားခရီးသည်များအနေနှင့် နိုင်ငံတကာတွင် အကျုံးဝင်သော အာမခံဝယ်ယူ၍ ခရီးသွားလာလျက်ရှိပြီး မြန်မာနိုင်ငံတွင် အာမခံ ထပ်မံရယူ ရခြင်းနှင့်စပ်လျဉ်း၍ ဖြေလျှော့ပေးစေလိုကြောင်း ပြောကြားခဲ့။
- ပြည်ထောင်စုဝန်ကြီးက ခရီးသွားအာမခံကြေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသွားများလာရောက်ပါက ၎င်းတို့၏ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုတိုးမြင့်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ကိုလည်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့။
Add new comment