နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များ အားတွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ စိုက်ပျိုးရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြင်ဦးလွင်ဒေသ၌ စိုက်ပျိုးမြေအသုံးချထားရှိမှု၊ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ လည်း ကောင်း၊ ကော်ဖီလုပ်ငန်းရှင်များက ကော်ဖီထွက်ကုန်များအပေါ် သင့်လျော်သည့် အခွန်သက်သာခွင့်ရရှိရန်လိုအပ်မှု၊ ကော်ဖီများစိုက်ပျိုးလျက်ရှိမှုနှင့် မတည်ချေးငွေများ ပံ့ပိုးပေးရန်လို အပ်မှုတို့နှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍-
- ပြင်ဦးလွင်ဒေသကော်ဖီစိုက်ပျိုးရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်သဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
- ကော်ဖီစိုက်ပျိုးရေးနှင့်ပတ်သက်သည့် ECO Tourism ဖြစ်မြောက်စေရေးနှင့် အခွန်ကိစ္စများကို စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ GAP လက်မှတ်များကို စည်းကမ်းနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်းနှင့် အလေ့အကျင့်ကောင်းများ ရရှိလာသည်နှင့်အညီ ဖြေလျှော့မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့ပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့က ကော်ဖီလုပ်ငန်းရှင်များတင်ပြသည့် လိုအပ်ချက်များကို အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ အသီးသီးတင်ပြကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်းဖြစ်ပြီး အချိန်တစ်ခုပေးရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ် ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များကိုလည်း အမြဲမပြတ်လေ့လာနေရန်လိုကြောင်း။
- မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန်များစွာရှိပြီး ရာသီသီးနှံ၊ နှစ်ရှည်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံဟူ၍ ရှိကြောင်း၊ ကော်ဖီသည် နှစ်ရှည်သီးနှံတွင်ပါရှိပြီး ကမ္ဘာနှင့်အဝန်း သောက် သုံးကြကာ ဈေးကွက်ရှိသည့် သီးနှံတစ်ခုဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်မည်ဆိုပါက တိုင်းပြည်အတွက် ဒေသအတွက် အကျိုးရှိမည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတ် မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပြီး ထိထိရောက်ရောက်ဖြင့် အောင်မြင်အောင် လုပ်ဆောင်ကြစေလိုကြောင်း။
- မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်း၌ပင် တန်ဖိုးမြင့်ကုန်ချောအဖြစ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ပါက ယခုထက်ပိုမို အကျိုးဖြစ် ထွန်းနိုင်မည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့ ကော်ဖီဈေးကွက်ရရှိရေး မိမိအနေဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
- ချေးငွေနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများထက် သက်သာသော အတိုးနှုန်းထားဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ချေးငွေများထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း ထိုက်သင့်သည့် အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း။
- ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၁၂-၂၀၂၂)
- ပြင်ဦးလွင်ဒေသကော်ဖီစိုက်ပျိုးရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်သဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်သွား မည်ဖြစ်။
- ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်းဖြစ်ပြီး အချိန်တစ်ခုပေးရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောင်မြင်အောင်လုပ် ဆောင်ရမည်ဖြစ် ကာ ပြည်တွင်း၊ ပြည်ပဈေးကွက်များကိုလည်း အမြဲမပြတ်လေ့လာနေရန်လို။
- ချေးငွေနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများထက် သက်သာသော အတိုးနှုန်းထားဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားခြင်းဖြစ်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း ချေးငွေများထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း ထိုက်သင့်သည့်အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်။
Add new comment